Main menu

Background

ပဲတီစိမ်း ပြည်ပတင်ပို့မှု အနည်းငယ်ပိုလာ

Sun, 01/01/2012 - 09:55 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ - ၂၃ ) အတွင်းမှာတော့ တန်ချိန် ၃၁၀၀ ခန့်ထိ အနည်းငယ်ပိုတင်လာခဲ့ပါတယ်။ ပခုက္ကူ ပဲတီစိမ်းအသစ် အနည်းငယ်တင်ပို့မှုရှိနေပြီလို့ သိရပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၃ ရက်အထိ ပြည်ပကို ပဲတီစိမ်း တန်ချိန် ၂၂၇၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၁၆ သန်းရရှိခဲ့ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တန်ချိန် ၁၇၅၀၀၀ ကျော်မှ ကန်ဒေါ်လာ ၂၀၃ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရပါ တယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ခန့်မှန်းကြောင်းသိရပါတယ်။MIRT- MAPT