Main menu

Background

ရန်ကုန် FOB ဈေးကွက် ပဲတီစိမ်း အရောင်းအဝယ်ဖြစ်မှု ပိုလာ

Sun, 01/01/2012 - 09:56 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် ၁၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ - ၂၉ )အတွင်းမှာတော့ တန်ချိန် ၂၈၀၀ ကျော်ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကိုပခုက္ကူ၊ ချောက်၊ မုံရွာဘက်က ပဲတီစိမ်းတွေ ဝင်ရောက်မှုရှိလာနေပြီး ဝယ်လက်များ က ပခုက္ကူစကို ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အသင့်အတင့်ဖြစ်ပေမဲ့ FOB ဈေးကတော့ ယခင်တစ်ပတ် လိုပဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်မှာပဲတီစိမ်း FAQ အညာတစ်တန်ကန်ဒေါ်လာ ၇၀၀-၇၂၀၊ ပခုက္ကူ တစ်တန် ကန်ဒေါ်လာ ၇၂၀-၇၄၀နဲ့ ရွှေဝါအကြီးက တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ ရှိကြောင်း သိရပါတယ်။MIRT- MAPT