အိန္ဒိယပြည်တွင်းဈေးကွက်တွေဖြစ်တဲ့ ဒေလီ၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဥတ္တရာပရာဒေ့ရှ်ရှိ စက်သမားများမှ အဝယ်တက်လာ တာကြောင့် ပဲတီစိမ်းဈေး အနည်းငယ်တိုးလာပါတယ်။ ဝင်ရောက်မှုအနေနဲ့ တစ်ရက်ကို အိတ် ၁၅၀၀၀-၂၀၀၀၀ ဝန်းကျင်သာရှိ တယ်လို့ သိရပါတယ်။ ဒေလီနဲ့ ရာဂျက်စသန်ဈေးကွက်များကို ဝင်ရောက်လာတဲ့ ပဲများမှာ အရည်အသွေးပျက်နေတဲ့ပဲ ၁၃-၂၄ ရာခိုင်နှုန်းခန့် ပါဝင်နေတဲ့အတွက် အရည်အသွေးကောင်း ပဲတီစိမ်းဈေး မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်များကို အိတ် ၁၈၀၀၀-၂၀၀၀၀ ဝန်းကျင် ဝင်ရောက်ပေမဲ့ နောက်ရက်များမှာ ဈေးအနည်းငယ်တိုးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/ တန် ၂၉-၁၂-၁၁ ၂၈-၁၂-၁၁ ၂၇-၁၂-၁၁ ၂၆-၁၂-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား) ၈၄၈ ၈၃၉ ၈၂၅ ၈၂၂ဒေလီ ၆၃၁-၆၅၀ ၄၃၄-၆၄၁ ၄၂၇-၆၃၆ ၄၁၆-၆၁၄အာကိုလာ ၆၆၀-၇၉၂ ၆၆၀-၇၉၂ ၆၆၄-၇၉၇ ၆၆၂-၇၉၄ MIRT(MAPT)
Background