ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြို့နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပဲတီစိမ်းလျာထားဧက ၃၉၅၈၆ ရှိပြီး ယခုအခါ တောင်သူများ မိုးစပါးရိတ်သိမ်းပြီးတာနဲ့ ပဲတီရွှေဝါများကို အချိန်မီစိုက်ပျိုးနိုင်ဖို့ မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းများကို အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနေကြောင်း သိရပါတယ်။ စိုက်ပျိုးတဲ့ ပဲတီရွှေဝါမျိုး မှာ အထွက်နှုန်းကောင်းပြီး ရာသီဥတုဒဏ်ခံနိုင်တဲ့ စိုက်ပျိုးရေး ၁ မျိုးနဲ့ ရေဆင်း ၉ မျိုးတို့ဖြစ်ကြောင်း၊ မနှစ်က ပဲစပေါ်ချိန်မှာ ပဲတစ်တင်း ၄၀၀၀၀ကျပ်မှ ၄၂၀၀၀ ကျပ်ထိဈေးပေါက်ခဲ့ပြီး ပဲလှိုင်လှိုင်ပေါ်ပြီးချိန်တွင် ပဲဈေးကျကာ ပဲ တစ်တင်း ၁၈၀၀၀ ကျပ်မှ၂၀၀၀၀ကျပ်ခန့်သာပေါက်ခဲ့တာကြောင့် တောင်သူများ အကျိုးအမြတ်ရရှိမှုနည်းပါးကြောင်း သိရှိရပြီး ယခုနှစ် ပဲပေါ် ချိန်တွင်အထွက်နှုန်းကောင်းစေဖို့အတွက် တောင်သူများရဲ့အတွေ့အကြုံ၊ ဌာနဆိုင်ရာများရဲ့ ပညာပေးမှု၊ ကုမ္ပဏီများရဲ့ ပံ့ပိုးမှု တို့နဲ့အတူ မြေသြဇာကျွေးခြင်း၊ သူ့အချိန်နဲ့သူ ရွက်ဖျန်းမြေသြဇာကျွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် ပဲရာသီချိန်တွင် တောင်သူများမှာ ပဲဈေးနှုန်းကောင်းစေဖို့ မျှော်လင့်လျက်ရှိကြောင်း ကွင်းဆင်းမေးမြန်းချက်များအရ သိရပါတယ်။ TPIS
Background