Main menu

Background

ပြည်ပဲတီစိမ်း ရန်ကုန်ဝယ်လက် အဝယ်များလာ

Sun, 01/01/2012 - 10:02 -- Anonymous (not verified)

    ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်နည်းလာတဲ့အတွက် ပဲဈေးမှာလည်း ယခင်တစ်ပတ်ကထက် တစ်တင်း ၈၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အခြားတိုင်းဒေသကြီးများမှ အဝင်မရှိတော့ဘဲ ဒေသတွင်းမြို့နယ်များမှသာ အဝင်ရှိခဲ့ပြီး အိတ် ၃၀၀ ကျော်သာ ဝင်ရောက်ခဲ့ပါတယ်။ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့ပါတယ်။ မန္တလေး ဝယ်လက်ကတော့ ယခုလကုန်ပိုင်းမှာ အဝယ်အေးလျက်ရှိတယ်လို့ သိရပါတယ်။ ယခုလကုန်ပိုင်းအထိ ရန်ကုန်ကို ပဲတီစိမ်းအိတ် ၂၄၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ခင်ဆွေဝင်း