Main menu

Background

ယခုတစ်ပတ် FOB ကုလားပဲ အရောင်းအဝယ်မဖြစ်ပေမဲ့ တင်ပို့မှု အနည်းငယ်ရှိ

Sun, 01/01/2012 - 10:04 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဒီတစ်ပတ် ကုလားပဲပြည်ပ အရောင်းအဝယ်မရှိပေမဲ့ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲလက်ကျန်နည်းလာပြီဖြစ်သလို အိန္ဒိယဝယ်လက်ကလည်း အဝယ်နည်း တဲ့အတွက် အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။    ယခု ၂၀၁၁-၁၂ ဘဏ္ဍာနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ကုလားပဲပြည်ပကို တင်ပို့မှု စုစုပေါင်းဟာ တန်ချိန် ၆၅၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိတယ်လို့သိရပါတယ်။ယခင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံး မှာတန်ချိန် ၈၅၀၀ခန့်သာတင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၆ သန်းကျော်ရှိတယ် လို့ သိရ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိကြောင်း သိရပါတယ်။MIRT- MAPT