ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ မန္တလေးသကြားဈေးအေးလာတာ ကိုတွေ့ရပါတယ်။ ဒီဇင်ဘာ လဆန်းပိုင်းမှစပြီး၊ သကာပွက်ရည်များ ဝင်လာတဲ့ အတွက် ပွက်ရည်ဈေးအေးတာနဲ့အတူ သကြားဈေးပါ ဆင်းလာတာလို့သိရပါ တယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သကာပွက်ရည်တစ်ပိဿာ ၅၉၀ ကျပ်၊ ၆၀၀ ကျပ်ရှိပြီး၊ သကြား A ၁၁၀၀ ကျပ်၊ သကြား B ၁၀၈၀ ကျပ်၊ သကြား C ၁၀၆၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခုဒီဇင်ဘာ ၂၉ ရက်မှာ သကာပွက်ရည်တစ်ပိဿာ ၅၅၀ ကျပ်၊ သကြား A ၉၀၀ ကျပ်၊ သကြား B ၈၉၀ ကျပ်၊ သကြား C ၈၈၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ပါတယ်။ တစ်လအတွင်း သကြားပွက်ရည်ဈေး တစ်ပိဿာကို ၁၀၀ ကျပ် ဝန်းကျင် ကျဆင်းပြီး၊ သကြား A တစ်ပိဿာ ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ ကျဆင်းတာကို တွေ့ရပါတယ်။ သကာပွက်ရည်များ ဝင်ရောက်မှုအခြေအနေ ပေါ် မူတည်ပြီး၊ သကြားဈေးနှုန်းအနိမ့်အမြင့် ဖြစ်နိုင်ကြောင်း သကြားစက်ပိုင် ကုန်သည် တစ်ဦးထံမှသိရပါတယ်။အေးအေးမြင့်
Background