Main menu

Background

သကြား၊ ကော်ဖီနှင့် ချည်မျှင်ဈေးနှုန်းများမြင့်တက်

Sun, 01/01/2012 - 10:19 -- Anonymous (not verified)

    ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးသကြားတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ သကြား ထုတ်လုပ်မှု လျော့ကျမှုကြောင့် သကြားဈေးနှုန်းတွေ တက်သွားကြောင်း သတင်း ရရှိပါတယ်။နိုဝင်ဘာ ၁၅ ရက်ကစတင်ခဲ့တဲ့သကြားပေါ်ချိန်မှာ ထိုင်းနိုင်ငံရဲ့ သကြား ထုတ်လုပ်မှုက ၄ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းသွားကာတန်ချိန် ၁ ဒသမ၆၂ သန်း သာရှိခဲ့ကြောင်း သိရှိရတယ်။    အမေရိကန်ဒေါ်လာက အခြားအဓိကငွေကြေးတွေနဲ့ လဲလှယ်ရာမှာ တန်ဖိုး ကျဆင်းခြင်းကလည်း အခြားသော ကုန်စည်ဝယ်လိုအားကို ကောင်းမွန်စေခဲ့တယ်။ နယူးယောက်ရှိ  ICE ကြိုပွိုင့်ရောင်းဝယ်ရေးမှာ မတ်လ သင်္ဘောတင်မယ့် သကြားအကြမ်းဈေးနှုန်းက သုည ဒသမ ၁ ရာခိုင်နှုန်း  တစ်ပေါင်ကို ၂၃ ဒသမ ၆၁ ဆင့် ဈေးတက်သွားခဲ့ကြောင်း သိရှိရတယ်။      ၂၀၁၁ ခုနှစ်မှာသကြားဈေးနှုန်း ၂၆ ရာခိုင်နှုန်းကျဆင်းသွားခဲ့ရခြင်းက ဥရောပ ကြွေးမြီအကျပ်အတည်းကြောင့် ကုန်စည်ဝယ်လိုအားကျဆင်းခဲ့ခြင်း ကြောင့်ဖြစ် တယ်။ ပြီးခဲ့တဲ့ သုံးနှစ်ကတော့ သကြား ဈေးနှုန်းတွေမြင့်တက်ခဲ့တယ်။    မတ်လသင်္ဘောတင်မယ့် အာရေးဗီးက ကော်ဖီဈေးနှုန်းကလည်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဈေးတက်သွားကာ တစ်ပေါင်ကို ၂ ဒသမ ၂၂၈၅  ဆင့်နဲ့ ချုပ်ဆိုခဲ့ ကြောင်း သတင်းရရှိတယ်။ ယခုနှစ်အတွက်တော့ အားရေးဗီးက ကော်ဖီဈေးနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်း ဈေးကျသွားခဲ့ကြောင်းနဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ကြောင်း သိရှိရတယ်။ မတ်လသင်္ဘောတင်မယ့် ချည်မျှင်ဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်းဈေးတက်သွားကာ တစ်ပေါင်ကို ၈၇ ဒသမ ၉၁ နဲ့ချုပ်ဆိုခဲ့ပါ တယ်။အေးမွန်မွန်လှိုင်Source:www.bloomberg.com