နနွင်းဈေးကတော့ ရာသီဥတုနဲ့အပြိုင်အေးစက်နေပါတယ်။ မနှစ်ကလက်ကျန်နနွင်းတွေက တောင်သူတွေ လက်ထဲမှာ တောင် ကျန်ရှိနေပါသေးတယ်။ ဒီနှစ်ကတော့ နနွင်းကိုတချို့သောခြံရှင်တွေကသာ အနည်းအကျဉ်း ဖော်ပြီး၊ ဈေးကွက်ကို စဝင်ကြည့်ပေမဲ့ ဈေးကမနှစ်ကလောက်တောင်မရှိဘူးလို့သိရပါတယ်။ ပြည်ပဝယ်လက်မရှိပဲ၊ ပြည်တွင်းသုံးအတွက် နနွင်းမှုန့်၊ ပရဆေး၊ အရောင်တင်ဆီတွေဖော်ဖို့လောက်သာ အဝယ်ရှိနေတာကြောင့် လက်ကျန်များနေပါတယ်။ အောင်ပန်းဈေးကွက်မှာ တော့ ပင်လောင်းနနွင်းတစ်ပိဿာ ၄၀၀ကျပ်၊ ဆင်တောင် နနွင်းက ၁၅၀၀ ကျပ်ဈေးသာရှိပါတယ်။ ကျောက်ဆည်မှ အနည်း အကျဉ်းဝင်လာတဲ့ နနွင်းကတော့ တစ်ပိဿာ ၂၅၀၀ ကျပ်ဈေးရှိတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်
Background