အိန္ဒိယနနွင်း လက်ငင်းဈေးကွက်များမှာ ဒေလီမှ အမှာအော်ဒါများရရှိတာကြောင့် နနွင်းဈေးမြင့်တက်ခဲ့ ပါတယ်။ အထူးသဖြင့် အရည်အသွေးအလွန်ကောင်းမွန်တဲ့ စပ်မျိုးနနွင်းများကို ကုန်သည်များအမှာအော်ဒါ များများရရှိတယ်လို့ အီရော့နနွင်းကုန်သည်များအသင်းဥက္ကဌ မစ္စတာအာကေဗွီ ရာဗီရှန်ကာကပြောကြားပါတယ်။ အချို့ဝယ်လက်များက ဝယ်လိုအားအသစ်တွေရလာလို့ စပ်မျိုးနနွင်းကို ဒီဇင်ဘာလ ၂၇ ရက်မှာ ဈေးမြင့်ပေးပြီး အိတ် ၅၀၀ ကျော်ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ စပ်မျိုးနနွင်းတစ်တန်ကို ရူပီး ၇၀၀၀ (ကန်ဒေါ်လာ ၁၃၂) ဈေးတိုးခဲ့တယ်လို့လည်း ဆိုပါတယ်။ နနွင်းအိတ် ၉၀၀၀ ကျော် ဝင်ရောက်တဲ့အနက် ၆၀ ရာခိုင်နှုန်းခန့် ရောင်းချရတယ်လို့ဆိုပါတယ်။ ကုန်သည်များအနေနဲ့ လာမယ့်ရက်အနည်းငယ်မှာလည်း အမှာအော်ဒါပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောကြားပါတယ်။ဈေးနှုန်းမြင့်တက် လာတဲ့အတွက် လာမဲ့ရက်တွေမှာ တောင်သူများ ဈေးကွက်ကို နနွင်းအမြောက်အမြား သယ်ယူလာမယ်လို့ မျှော်လင့်ထားပါ တယ်။တကယ်လို့ နနွင်းအိတ် ၁၅၀၀၀ ခန့်ထိ ဝင်ရောက်လာရင် နနွင်းဈေး ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ထုတ်လုပ်မှု တိုးတက်မယ့် မျှော်လင့်ချက်တွေအရလည်း ဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန်ရူပီး ၃၆၀၉၀-၄၂၃၉၀ (ကန်ဒေါ်လာ ၆၈၁-၇၉၉) ရှိပြီး၊ နနွင်းဥဈေးမှာ ရူပီး ၃၅၀၉၀-၄၀၃၄၀ (ကန်ဒေါ်လာ ၆၆၂-၇၆၁) ရှိကြောင်း သိရပါတယ်။ယမင်းခင်၊ Source: hindubusiness
Background