Main menu

Background

အိန္ဒိယ ကြက်သွန်နီပို့ကုန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက်ကို လျှော့ချပေးလိုက်သော်လည်း တင်ပို့မှုကျဆင်း

Sun, 01/01/2012 - 10:30 -- Anonymous (not verified)

    အိန္ဒိယက ကြက်သွန်နီပို့ကုန်အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကို တစ်တန်မှာ ကန်ဒေါ်လာ ၂၅၀ ကို လျှော့ချပေးလိုက် ပေမဲ့လည်း အပြည်ပြည်ဆိုင်ရာဈေးကွက်မှာ တရုတ်နဲ့ အီဂျစ်က တစ်တန်ကို ကန်ဒေါ်လာ ၂၀၀ အောက်နဲ့ ရောင်းချလျက် ရှိတာကြောင့် အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုကျဆင်းသွားကြောင်း သတင်းရရှိပါတယ်။ ယခုနှစ် နိုဝင်ဘာလအတွက် အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုက ယခင်နှစ်အလားတူ ကာလနဲ့ နှိုင်းယှဉ်ရာမှာ ၃၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း လယ်ယာသမဝါယမ NAFED  ရဲ့ ရင်းမြစ်တွေအရ သိရှိရပါတယ်။    နိုဝင်ဘာလအတွက် အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုက တန်ချိန် ၅၅ယ၁၅၀ ရှိရာ ပြီးခဲ့တဲ့နှစ် အလားတူကာလ တန်ချိန် ၈၀ယ၃၁၄ အောက်ကိုလျော့ကျခဲ့ခြင်းဖြစ်တယ်။ ဒီဇင်ဘာလအတွက် ကြက်သွန်နီတင်ပို့မှုကလည်း ဆက်လက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားတယ်။ ၂၀၁၁ ခုနှစ်အတွက် အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုအလားအလာမှာမကောင်းမွန်ခဲ့ကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးသူတွေရဲ့ တောင်းဆိုမှုအရ NAFED  က ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနကို စာရေးတောင်းဆိုလိုက်ရာ  ကြက်သွန်နီ ပို့ကုန် အနိမ့်ဆုံးဈေးနှုန်းသတ်မှတ်ချက်ကို တစ်တန်မှာ ကန်ဒေါ်လာ ၁၅၀ ကို လျှော့ချပေးသွားဖို့ အတွက်ဥပဒေပြင်ဆင် လျက်ရှိပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။     အိန္ဒိယက ကမ္ဘာပေါ်မှာ တရုတ်ပြီးရင် ကြက်သွန်နီဒုတိယအများဆုံး စိုက်ပျိုးတဲ့နိုင်ငံဖြစ်တယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ကုန်အထိ အိန္ဒိယရဲ့ ကြက်သွန်နီတင်ပို့မှုက ၂၅ ရာခိုင်နှုန်ုးနီးပါးကျဆင်းခဲ့ကြောင်း သိရှိရတယ်။အပြည်ပြည်ဆိုင်ရာဈေးကွက် တွေမှာ ကြက်သွန်နီဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၂၀၀ အောက် လျော့ကျနေချိန်မှာ အိန္ဒိယရဲ့ ကြက်သွန်နီပို့ကုန် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်ချက်က တစ်တန်ကို ကန်ဒေါ်လာ ၂၅၀ ဖြစ်ရာ ဝယ်ယူသူအနည်းငယ်ကိုသာ ဆွဲဆောင်နိုင်ခဲ့ ကြောင်း အိန္ဒိယနိုင်ငံ လယ်ယာထုတ်ကုန်တင်ပို့မှုအသင်း ဥက္ကဌ Mr Ajit Shah ပြောကြားလိုက်ပါတယ်။အေးမွန်မွန်လှိုင်၊Source:www.thehindubusinessline.com