Main menu

Background

မြစ်သားကြက်သွန်နီ ဈေးကွက်ပို့ပြီ

Sun, 01/01/2012 - 10:32 -- Anonymous (not verified)

    မြစ်သားမြို့နယ်မှာ ဆောင်းကြက်သွန်နီ စိုက်ဧက ၇၇၇၀ ကျော်မှ ယခုလအတွင်း ဈေးကွက်ကို စတင် တင်ပို့ရောင်းချနေ ကြောင်းသိရပါတယ်။ အစောစိုက်တဲ့ အခင်းတွေ အောက်တိုဘာလဆန်းက မိုးများခဲ့လို့ အထွက်နှုန်းကျဆင်းခဲ့ပေမယ့် မိုးကုန်မှ စိုက်တဲ့ အခင်းတွေကတော့ တစ်ဧကကို ပိဿာ ၂၀၀၀ ကနေ ၂၃၀၀ ထိထွက်တယ်လို့ ကသဲကုန်းရွာက တောင်သူကြီး ဦးစိန်ဝင်းက ပြောပြပါတယ်။ ဈေးကွက်ကို တင်ပို့ရောင်းချရာမှာ မန္တလေးဈေးကွက်ကို တင်ပို့သူရှိသလို နယ်ခံပွဲရုံနဲ့ တောပွဲစား တွေကိုလည်း ရောင်းတယ်လို့ သိရပါတယ်။    နယ်ခံပွဲရုံတွေက ကျေးရွာအရောက်ဆင်းပြီး ကြက်သွန်နီအရည်အသွေးကိုကြည့်ပြီး (ဂျွန်) တစ်ပိဿာ ၄၅၀ ကျပ် ၅၀၀ ကျပ်ဈေးနဲ့ ဝယ်ယူတယ်လို့ မြို့ခံပွဲရုံလုပ်ငန်းရှင်များထံမှ သိရပါတယ်။သန်းနိုင်