Main menu

Background

ရခိုင်ဒေသပြည်သူများ ဓာတ်ငွေ့သုံးစွဲနိုင်တော့မည်

Tue, 01/03/2012 - 06:05 -- Anonymous (not verified)

         ရခိုင်ကမ်းလွန်ဒေသ၊ လုပ်ကွက် အေ-၁ နှင့် အေ-၃ တွင် အကောင် အထည်ဖော်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိလာ သော သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် သုံးစွဲ နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကို ရီးယားနိုင်ငံ Daewoo International Corporation  ဦးဆောင်သည့် အစုရှယ်ယာဝင်များနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးအခြေခံဖြင့် စာချုပ်ချုပ်ဆိုကာ ရခိုင်ကမ်းလွန်လုပ်ကွက် အေ-၁ နှင့် အေ-၃ တို့၌ ရေနံ နှင့် သဘာဝဓာတ်ငွေ့များရှာဖွေခဲ့ရာ စီးပွားဖြစ် သဘာဝဓာတ်ငွေ့သိုက်ကို တွေ့ရှိခဲ့သည်။ ယင်းသို့တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့များအား မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်သန်း သွယ်တန်းကာ မြန်မာ-တရုတ် နယ်စပ် မူဆယ်မှတစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့များရောင်းချရန် ပြည်ပပို့သဘာဝဓာတ် ငွေ့အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။ထိုသို့ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအနက်မှ ထုတ်လုပ်မှု အပေါ်ခွဲဝေခံစားရေးစာချုပ်ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်တွင်းသုံးစွဲရေး အတွက် ရယူသုံးစွဲခွင့်ရှိရာ ကနဦး ဆွေးနွေးညှိနှိုင်းမှုများအရ မြန်မာနိုင်ငံ ၏ စက်ရုံ၊ အလုပ်ရုံများတည်ရှိရာ မြန်မာပြည်အလယ်ပိုင်းဒေသရှိ မကွေး တိုင်းဒေသကြီး ရေနံချောင်းနှင့် မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ဘဲလင်းတို့၌ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်မည့် လိုင်းခွဲများဖြင့် ထုတ်ယူသုံးစွဲ သွားရန်ရည်ရွယ်၍ စာချုပ်၌ ထည့်သွင်းချုပ်ဆိုခဲ့သည်။  နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်ဒေသပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်း ရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်နှင့်အညီ ရခိုင်ဒေသပြည်သူများမှ ရွှေ သဘာဝဓာတ်ငွေ့သုံးစွဲနိုင်ရေးအတွက် စာချုပ်ဝင်များအတွင်း ညှိနှိုင်းစီစဉ် ဆောင်ရွက်ခဲ့ရာ သဘောတူညီမှုအချို့ရရှိပြီးဖြစ်သည်။ထို့ကြောင့် ရွှေသဘာဝဓာတ်ငွေ့ အချို့အား ရခိုင်ပြည်နယ် ကျောက် ဖြူဒေသအနီးတွင် ရယူသုံးစွဲခွင့်ရရှိပြီးဖြစ်သဖြင့် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ရွှေသဘာဝဓာတ်ငွေ့ကို အကျိုးရှိစွာ သုံးစွဲနိုင်တော့ မည်ဖြစ်သည်။