Main menu

Background

အတက်ကြမ်းလာတဲ့ အမေရိကန်ဒေါ်လာ

Tue, 01/03/2012 - 06:07 -- Anonymous (not verified)

      အမေရိကန်ဒေါ်လာဈေးကွက်ဟာ ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့အပတ်ကထက် ပို မိုဈေးတက်လာခဲ့သည်ကိုတွေ့ရသည်။ ယခင်အပတ်က စင်တာတွင် ၈၀၀ကျပ် သာဈေးပေါက်ခဲ့သော်လည်း ယခုတစ် ပတ် ဈေးဖွင့်ချိန်တွင် ၈၂၀ကျပ်ရှိကာ ၂၀ ကျပ် တက်သွားခဲ့သည်ကို  တွေ့ရ သည်။"ဒီတစ်ပတ်ထဲမှာ ငွေဈေးကတော် တော်အတက်ကြမ်းတယ်လို့ပြောရမယ်။ အဲဒါက ပြောရခက်တယ်။ ကျောက် မျက်ပွဲရှိတဲ့အခါတိုင်းမှာဈေးတက်တယ်  ဆိုပေမယ့် အခုလောက်အတက်ကြမ်း တာမျိုး မတွေ့ရသလာက်ပဲ။ ဈေးပိတ် တုန်းက ၈၀၀ နဲ့ပိတ်ထားတာ။ အခု ဈေးလည်းပြန်ဖွင့်ရော ၈၂၀ ဖြစ်သွား တာ။ နောက်ပြီး စင်ကာပူက ငွေလွှဲ သမားကလိမ်သွားတဲ့ကိစ္စကြောင့်လည်း အဲဒီအလိမ်ခံရတဲ့အထဲမှာ ပါသွားတဲ့သူ တွေက ငွေလွှဲဖို့အတွက် ငွေတွေလိုက် ဝယ်နေရတာကြောင့်လည်း ပါတာပေါ့" ဟု ငွေလဲစင်တာမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ငွေလဲစင်တာတွင် ဒီဇင်ဘာလ ၂၃ ရက်က ၈၀၀ ကျပ်သာရှိခဲ့သော်လည်း ဒီဇင်ဘာလ ၂၆ရက်နေ့ရုံးပြန်ဖွင့်ချိန် တွင် ၈၂၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ထို့ နောက် ဒီဇင်ဘာ ၂၈ ရက်တွင် ၈၂၃ ကျပ်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်တွင် ၈၂၈ ကျပ်၊ ဒီဇင်ဘာ ၃၀ရက်တွင် ၈၃၀ ကျပ်အထိဈေးမြင့်တက်ခဲ့သည်ကို တွေ့ ရသည်။ပြင်ပငွေဈေးကွက်တွင်လည်း ဈေး များ မြင့်တက်လျက်ရှိသည်ကို တွေ့ရ သည်။ ပြင်ပဈေးကွက်တွင် ဒီဇင်ဘာ ၂၆ ရက်တွင် ၈၀၂ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး နေ့စဉ်အတက်ပြခဲ့ရာ ဒီဇင်ဘာလ ၃၀ ရက် ငွေဈေးပိတ်ချိန်တွင် ၈၁၂ ကျပ် အထိမြင့်တက်ခဲ့သည်ကို တွေ့ရသည်။ပြင်ပငွေ  ဈေးကွက်တွင်လည်း ဒေါ်လာဝယ်ယူသူများမှာ  ယခင်က ထက်များပြားလာကြောင်း၊ ယင်းကဲ့သို့ ဖြစ်ရသည်မှာကျောက်မျက်လုပ်ငန်းရှင် များက လိုက်လံဝယ်ယူနေခြင်းကြောင့် ဖြစ်ရကြောင်း   ပြင်ပငွေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ပို့ကုန်ဝင်ငွေဈေးနှုန်းမှာလည်း ဒီ ဇင်ဘာလ ၂၃ ရက် ငွေဈေးပိတ်ချိန် တွင်  ၈၂၇ ကျပ်ဖြင့်   ဈေးပိတ်ခဲ့သော် လည်း ဒီဇင်ဘာ ၂၆ရက် ဈေးပြန်ဖွင့် ချိန်တွင် ၈၃၀ကျပ်သို့ မြင့်တက်လာ သည်ကိုတွေ့ရသည်။ ထို့နောက် နေ့စဉ် အတက်ပြခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်တွင် ၈၆၂ကျပ်သို့ အမြင့်ဆုံးတက်ခဲ့သည်။ ဒီဇင်ဘာလ ၃၀ရက်တွင် ၈၄၅ကျပ်သို့ ပြန်ကျသွားခဲ့သည်ကို တွေ့ရသည်။ပို့ကုန်ဝင်ငွေဈေးနှုန်းများမြင့်တက် ရခြင်းမှာ ကျောက်မျက်ကုန်သည်များ က Earning များကို လိုက်လံဝယ်ယူ နေခြင်းကြောင့်ဖြစ်ရကြောင်း Earning ပွဲစားတစ်ဦးက ပြောသည်။"အခု  ဒီတစ်ပတ်ထဲမှာ  အရင် အပတ်ကထက် ဒီ Earning ဈေးက မြင့်လာတာ တစ်နေ့တည်းကို မနက်က ဖွင့်တဲ့ဈေးနဲ့ ညနေပိတ်တဲ့ဈေးက မတူ ဘူး။ ဒါကလည်း အခုကျောက်မျက်ပွဲရှိ တော့ အဲဒီကုန်သည်တွေက Earning ကို လိုက်ဝယ်နေသလို  စင်ကာပူက ငွေလိမ်တဲ့ကိစ္စနဲ့လည်း အနည်းအကျဉ်း တော့ ပတ်သက်နေလိမ့်မယ်။ အဲဒီမှာ ပါသွားတဲ့သူတွေက ဒီမှာ ပြန်ဝယ်ကြ တော့အဝယ်က  အရမ်းကိုလိုက်နေ တာ။ အခု ဈေးပိတ်ချိန်မှာ ၈၄၅ ကျပ် ဖြစ်သွားပြီ။ မနေ့ကဆို ၈၆၂ကျပ်အထိ တက်သွားတာ။ အဲဒီနေ့ကတော့ နည်း နည်းအဝယ်ငြိမ်သွားတယ်။ ဈေးတက် တယ်ဆိုတော့ ရောင်းမယ့်သူတွေက တန်းစီနေတာ။ ဒါနဲ့နောက်တစ်နေ့ကျ တော့ ဈေးက ပြန်ကျသွားတာ"ဟု ပြော သည်။                             MTD, KM2O