Main menu

Background

အရောင်းအေးနေတဲ့ ဓာတ်မြေသြဇာ

Tue, 01/03/2012 - 06:39 -- Anonymous (not verified)

ဘူဂေးရီးယား၊ တရုတ်နဲ့ ထိုင်းမှ ဓာတ်မြေသြဇာအဝင်များပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ပြည်တွင်းကို ဓာတ်မြေသြဇာတင် သွင်းမှုက ဒီဇင်ဘာ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း တန်ချိန် ၁၉၇၆၊ တန် ဖိုးအားဖြင့် ကန်ဒေါ်လာခြောက်သိန်းကျော်ဖိုးရှိခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့   ဘူဂေးရီးယားမှ မြေသြဇာ တန်ချိန် ၄၁၂၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၂၂၀၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၁၃၄၄ တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့တဲ့ ဓါတ်မြေ သြဇာက ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် တန်ချိန်ငါးရာကျော် ပိုမိုတင်သွင်းခဲ့ တာတွေ့ရပါတယ်။                                       MIRT (DOT)အရောင်းအေးနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဆောင်းသီးနှံစိုက်ပျိုးပြီးတဲ့ကာလဖြစ်တာကြောင့် ဓာတ်မြေသြဇာအရောင်းကလည်း ပုံမှန်ပဲဖြစ်တယ်လို့ သိရပါတယ်။ အရောင်းဆိုင် များမှာ လက်ကျန်ရှိနေတဲ့ မြေသြဇာတွေကို တွန်းတွန်းတိုက်တိုက် ရောင်းနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဈေးနှုန်းကိုလည်း အနည်းငယ်လျော့ပြီး ရောင်း ချနေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို ၅၀၀ ကျပ်စီ လောက်လျော့ပြီး ရောင်းချနေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ၂၃၀၀၀ ကျပ် ရောင်းတဲ့ ပုလဲအသေး ၄၆ ရာခိုင်နှုန်း (ရွှေတုံ၊ ရွှေပျား၊ ရွှေတောင်)တရုတ်က ယခုတစ်ပတ်မှာ ၂၂၅၀၀ ကျပ်၊ ယခင် တစ်ပတ် ၃၅၀၀၀ ကျပ် ရောင်းတဲ့ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ က ၃၄၅၀၀ ကျပ် ၊ ၂၈၅၀၀ ကျပ်နဲ့ ရောင်းတဲ့ တီစူပါ ၄၆ ရာခိုင်နှုန်း (သံကွင်း)က ၂၈၀၀၀ ကျပ်နဲ့ မြား(တရုတ်)က ယခင် ၂၈၀၀၀ ကျပ်မှ ယခု ၂၇၅၀၀ ကျပ် ဈေးနဲ့ရောင်းနေတယ်လို့ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာတွေကက ဈေးအနည်းငယ်တက် တယ်လို့သိရပါတယ်။ ဒီလိုဈေးတက်ရတာကလည်း ပစ္စည်းသယ်ယူခ ဈေးတက် တာလို့ ပြောပါတယ်။ ဈေးက ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ကြားတက် တာဖြစ်ပါတယ်။ ယူရီးယား-ပုလဲ (ကမ္ဘာလုံး၊ ရွှေတောင်(တရုတ်) က ယခင်ဈေးအတိုင်း ၂၀၀၀၀ ကျပ်၊ ပန်းဖူးတရုတ် ယခင် ၂၀၅၀၀ကျပ်မှ ယခု ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆ ရာခိုင် နှုန်း (တရုတ်)က ယခင် ၁၀၅၀၀ ကျပ်မှ ယခု ၁၁၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ က ယခင် ၃၅၀၀၀ ကျပ်မှ ယခု ၃၆၅၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ယခင် ၁၅၅၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်လုံး မိုး ရွာနေတာကြောင့် ဈေးကွက်အတွင်း ဓာတ်မြေသြဇာက အရောင်းအေးတယ်လို့ သိရပါတယ်။ မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာဈေးက အရောင်းပုံမှန်ပဲရှိနေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာ မြေသြဇာသုံးတဲ့ ရာသီချိန်မဟုတ်တဲ့အတွက် ဈေးနှိမ်နေ တာလဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်ဖြစ်ပေါ်နေတဲ့ ဈေးတွေက မျှားကမ္ဘာ-တရုတ် (၁၂း၁၃ အပြာ) က ၁၆၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၆၅၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၇၀၀၀ကျပ်၊  အာမို ၁၅း၁၅း၁၅ က ၃၆၃၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) က ၂၂၆၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) က ၂၀၈၀၀ ကျပ် ၊ တီစူပါ (မြားနီ-တရုတ်) က ၂၄၃၀၀ ကျပ်၊ တောင်သူမက ၁၅၃၀၀ ကျပ်နဲ့ ပိုတက်က ၂၉၀၀၀ ကျပ် ဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။  မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာအရောင်းအဝယ်က ပုံမှန်ထက်ကို အေးနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ် အေးနေတာကြောင့် ဈေးတွေက လည်း အကျဘက်မှာရှိနေပါတယ်။ ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၆၀၀ ကျပ်၊ (ပန်းဖူး-တရုတ်)  ၂၁၃၀၀ ကျပ်၊ တီစူပါ (GTSP  ၄၆% တရုတ်) က ၂၂၅၀၀ ကျပ်၊ တီစူပါ (GTSP  ၁၆% တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GTSP  ၁၂%တရုတ်) ၈၃၀၀ ကျပ်၊ ကွန်ပေါင်း(၁၅း၁၅း၁၅)တရုတ် က ၂၅၀၀၀ ကျပ်နဲ့ အာမို(ဒိုင်းမွန်း စတား) ၃၇၅၀၀ ကျပ် ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်တွင် ဓာတ်မြေသြဇာကပုံမှန်အရောင်းအဝယ် ဖြစ်နေ တယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာတော့ ကွန်ပေါင်းနဲ့တီစူပါတို့က အရောင်းသွက် တယ်လို့ဆိုပါတယ်။ ကွန်ပေါင်း(ဃြ ၁၅ ပတ်လည်)က အရောင်းသွက်ပြီး ဈေး ကွက်ထဲပစ္စည်းပြတ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ယူရီးယား (ကမ္ဘာလုံး၊ ရွှေတောင်၊ နေရွက်လှေ) က ၂၁၀၀၀ ကျပ်၊ တီစူပါက ၂၄၂၀၀ ကျပ်၊ ပိုတက်က ၂၈၀၀၀ ကျပ်၊ ပိုတက်(ထိုင်း) ၃၆၅၀၀ ကျပ်၊ ကွန်ပေါင်း (ရွက်လှေ-ယိုးဒယား)က ၃၇၁၅၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ က ၃၃၀၀၀ ကျပ်၊ ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်နဲ့ ၁၅း၁၅း၁၅(အမ်-တရုတ်) က ၂၈၅၀၀ ကျပ် ဈေးအသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT (DOT)နှစ်သစ်ကူးပိတ်ရက်များကြောင့် ဓာတ်မြေသြဇာ အသွင်းလျော့ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်းစခန်းနဲ့ ရိဒ်စခန်းများကနေ ဓါတ်မြေသြဇာ ၁၀၇၂၈ တန်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၀၅ သန်းဖိုး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ထက် တန် ၄၀၀၀ ခန့် တင်သွင်းမှု လျော့နည်းခဲ့ပါ တယ်။ ယခုတစ်ပတ်မှာ မူဆယ်နယ်စပ်မှ နှစ်သစ်ကူးပွဲတော် နီးလာတာကြောင့် စက်ရုံလုပ်သားအများစုမှာ နေရပ်သို့ပြန်ကြတာကြောင့် စက်ရုံအချို့ ထုတ်လုပ်မှု ကျဆင်းပြီး လုပ်ငန်းဆောင်ရွက်မှု နည်းပါးတာကြောင့် တင်သွင်းမှုလျော့နည်းခြင်း ဖြစ်ကြောင်း သိရပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၄၉၄ တန်၊ မြဝတီမှ ၂၅ တန်၊ ကော့သောင်းမှ တန် ၆၀၊ ရိဒ်မှ ၁၄၉ တန် အသီးသီးတင်သွင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်း ခဲ့တဲ့ ဓါတ်မြေသြဇာတွေကတော့ အမိုနီယမ်နိုက်ထရိတ်၊ ကွန်ပေါင်းနိုက်ထရိတ်၊ ပိုတက်ရှ်၊ စင်ဂယ်စူပါဖော့စဖိတ်၊ ထရိုင်စူပါဖော့စဖိတ်နဲ့ ယူရီးယားတို့ ဖြစ်ကြောင်း သိရပါတယ်။                                                        MIRT (DOT)