နို့ဆီ တန် ၁၅၀ ကျော်ဝင်ဒီသီတင်းဖြစ်တဲ့ ဒီဇင်ဘာ ၁၈ ရက် မှ ၂၄ ရက်တာကာလအတွင်း ပြည် တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ် မှုလမ်းမှ နို့ဆီတန်ချိန် ၁၇၉ ဒသမ ၇၁၊ နို့စိမ်း ၅၂၄ ဒသမ ၆၀ တန်တင်သွင်းခဲ့ ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီမှာ စင်ကာ ပူနိုင်ငံမှ COWBELL တံဆိပ်နဲ့ DAWN တံဆိပ်နို့စိမ်းများဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် တစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ အဝင်တန်ချိန် ခြောက်ဆယ်ကျော်လောက် ပိုမိုတင် သွင်းခဲ့ပါတယ်။ နို့စိမ်းကယခင်သီတင်း ပတ်အဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ အင်တိုက်အားတိုက်နဲ့ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသီတင်းပတ် မှာ နို့ဆီနဲ့ နို့စိမ်းက အဝင်အားကောင်း ခဲ့တယ်လို့ ဆိုရပါမယ်။နို့မှုန့်က စင်ကာပူနိုင်ငံမှ တန်ချိန် သုည ဒသမ ၄၈ တန်၊ သြစတြေးလျ နိုင်ငံ မှ ၈၂ တန်နဲ့ USA မှ ၇ ဒသမ ၂၄ တန်၊ စုစုပေါင်း ၈၉ ဒသမ ၇၂ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် တန်ချိန် ခုနစ်ဆယ်ကျော် တင်သွင်းခဲ့ကြောင့် ဒီတစ်ပတ်နို့မှုန့် တင် သွင်းမှုက တန်ချိန် ရှစ်ဆယ်ကျော် လောက် လျော့နည်းခဲ့ပါတယ်။MIRT (DOT)နို့မှုန့်တစ်မျိုးသာ အသွင်းရှိဒီဇင်ဘာ ၂၁ ရက်မှ ၂၇ရက်အထိ ကာလတွင်း မူဆယ်နယ်စပ်မှ နို့မှုန့် ၂၈၄၇ တန်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်းဖိုးခန့် တင်သွင်းနိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန် ၂၈၀၀ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ယခုအပတ်မှာတော့ ကော့သောင်းနယ် စပ်ကနေ နို့ဆီ၊ နို့စိမ်း တင်သွင်းနိုင်မှု မရှိကြောင်း သိရပါတယ်။ MIRT (DOT)ပြည်တွင်းနို့ဆီ လက်လီဈေးများနို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) ၆၇၀ ၇၀၀ ဒွန်း (နို့စိမ်း) ၆၄၀ ၆၅၀ ဝမ်းတီးနို့ဆီ ၇၀၀ ၇၀၀ အိုကေ(နို့ဆီ) ၆၅၀ ၆၇၅ အိုကေ(နို့စိမ်း) ၆၅၀ ၆၇၅ Luckey Cow ၅၉၀ - (နို့စိမ်း)MIRT (DOT)
Background
