Main menu

Background

သီတင်း ၅ ပတ်အတွင်း မြင့်တက်ခဲ့တဲ့ စားအုန်းဆီဈေးပြန်ဆင်းပေမယ့် ရာသီဥတုအခြေအနေအရ ဈေးကျဆင်းမှု ကန့်သတ်နိုင်

Tue, 01/03/2012 - 06:44 -- Anonymous (not verified)

    နှစ်ကုန်ပိုင်း ရောင်းဝယ်ရေးလျော့နည်းလို့ ဒီဇင်ဘာလ ၂၉ ရက်မှာ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့ပေမယ့် စားအုန်းဆီ ဒုတိယအများဆုံး ထုတ် လုပ်တဲ့ မလေးရှားမှာ မိုးသည်းထန်ခြင်းကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်တဲ့ စိုးရိမ် မှုများက ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်နိုင်ပါတယ်။ ကမ္ဘာ့ဈေးကွက် အရောင်း အဝယ် အားပျော့လာခြင်းက ရင်းနှီးမြုပ်နှံသူများ စားအုန်းဆီဝယ်ယူမှု နည်းလာတဲ့ အတွက် ဒီဇင်ဘာ ၂၈ ရက် သီတင်း ၅ ပတ်အတွင်း ဈေးမြင့်တက်ခဲ့ရာမှ ပြန်လည် လျော့ကျခဲ့တာဖြစ်ပါတယ်။     ဥရောပကြွေးမြီအကျပ်အတည်းက  ကမ္ဘာ့စီးပွားရေးကြီးထွားမှုကို နှေးကွေး စေပြီး၊ ကုန်စည်ဝယ်လိုအားကို ကျဆင်းနိုင်တဲ့ စိုးရိမ်မှုတွေကြောင့် စားအုန်းဆီ ဈေးဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမ အကြိမ်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဈေး ကွက်မှာ ရင်းနှီးမြှုပ်နှံမှုနည်းလာခဲ့ပေမယ့် မိုးရွာသွန်းမှု ပြင်းထန်လာတဲ့အပေါ်ကို တော့ စောင့်ကြည့်ရမယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှား ဘာစာ ကုန်စည်ဒိုင်မှာ မတ်လအခြေခံစံနှုန်း စားအုန်းဆီကြို ပွိုင့်ဈေးဟာ သုညဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး၊ တစ်တန် ရင်းဂစ် ၃၁၇၄ (ကန်ဒေါ်လာ ၁၀၀၀)ဖြစ်ခဲ့ပါတယ်။    ဒီဇင်ဘာလ ၂၈ ရက်မှာ ရင်းဂစ် ၃၂၀၅ (ကန်ဒေါ်လာ ၁၀၀၇ ဒသမ ၈၆) အထိမြင့်တက်ခဲ့လို့ နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်းမှာ အမြင့်ဆုံးကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ရိုက်တာမှ နည်းပညာရှင်  Wang  Tao က ခန့်မှန်းရာမှာ တော့လှိုင်း ၅ ခု တစ်ပတ်ပြီးဆုံးပြီဖြစ်လို့ စားအုန်းဆီဈေးဟာ တစ်တန်ရင်းဂစ် ၃၁၄၀ (ကန်ဒေါ် လာ ၉၈၉)ကို ကျဆင်းနိုင်တယ်လို့ဆိုပါတယ်။ ရာသီဥတုအခြေအနေကို ကြည့်မယ် ဆိုရင် နိုင်ငံရဲ့အဓိကစားအုန်းဆီစိုက်ပျိုးရာ မြေနိမ့်ပိုင်းပြည်နယ်များဖြစ်ပြီး၊ နိုင်ငံ စားအုန်းဆီထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး ထွက်ရှိတဲ့ Pahang, Johor နဲ့ Sabah  တို့မှာ မိုးသည်းထန်ခြင်းကြောင့် ရေလွှမ်းမိုးနိုင်တယ်လို့ မလေးရှား မိုးလေ ဝသဌာနက သတိပေးပြောကြားထားပါတယ်။    ကုန်သည်များက ရာသီဥတုအခြေအနေကို စောင့်ကြည့်နေပြီး အထူးသဖြင့် ရာသီအရအထွက်နှုန်းလျော့နေတဲ့ မလေးရှားရဲ့စားအုန်းဆီထုတ်လုပ်မှုကို သတိ ထားနေကြပါတယ်။ ဒါပေမယ့်ဒီဇင်ဘာလပထမ ၂၅ ရက်အတွင်း မလေးရှား စား အုန်းဆီတင်ပို့မှုဟာ ၁၁ ရာခိုင်နှုန်းကျဆင်းနေတယ်ဆိုတဲ့ ကုန်ပစ္စည်း စစ်ဆေးသူ များရဲ့စာရင်းအရ သိုလှောင်လက်ကျန်နည်းတဲ့ အခြေအနေကို သက်သာရာရစေ ပါတယ်။    ဆက်စပ်ဈေးကွက်များအရ ဒေါ်လာတန်ဖိုးခိုင်မာခြင်းနဲ့ အမေရိကန်ရေနံ လက်ကျန်များခြင်းတို့ကြောင့် ရေနံစိမ်းတစ်စည်ကို ကန်ဒေါ်လာ ၁၀၇ ထိ ကျဆင်း ခဲ့ပါတယ်။ ဇန်နဝါရီလပို့ရမယ့် အမေရိကန်ပဲပုပ်ဆီဈေးကလည်းသုညဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ယုဇန၊ Source: Reuters