ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ ဆက်လက်တိုးတက်နေပါတယ်။ ယခင်သီတင်းပတ်က နှမ်းတန်ချိန် ၁၁၀၀ ခန့် တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာ ၁၉-၂၃ရက်)အတွင်းမှာ တန်ချိန် ၁၂၅၀ ခန့်အထိ တိုးတက်တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပြီး ပမာဏအများဆုံးတင်ပို့တဲ့ နိုင်ငံကတော့ ဂျပန်နိုင်ငံကိုပဲ ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၈၇၅၀၀ ခန့် တင်ပို့ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂၃ သန်းကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာတော့ နှမ်းတန်ချိန် ၆၄၆၀၀ ကျော်ရှိပြီးဝင်ငွေမှာ ကန်ဒေါ်လာ ၉၁ သန်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်း ပတ်များအတိုင်း ဒီဇင်ဘာလ ၃၀ ရက်မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညိုမှာ ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။MIRT- MAPT
Background