မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကနေ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိ ကာလအတွင်း နှမ်းဖြူ ၁၂၉၃ တန်၊ နှမ်းနက် ၁၂၈၉ တန်နဲ့ နှမ်းဖြူ (အခွံချွတ်) ၃၁၉ တန်ကျော်၊ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၀၀၂ သန်းဖိုး တင်ပို့ ခဲ့ပါတယ်။ ယခင်အပတ်ကထက် နှမ်းဖြူ တန် ၄၀၀ ကျော်နဲ့ နှမ်းနက် တန် ၄၀၀ ကျော်တင်ပို့မှုပိုမိုခဲ့တာ တွေ့ရပါတယ်။ယခုတစ်ပတ်လည်း နှမ်းနီနဲ့ နှမ်းညိုတင်ပို့နိုင်မှု မရှိတာ တွေ့ရပါတယ်။ သယ်ယူခနှုန်းထားကတော့ နှမ်းတစ်ပိသာကို ၂ ကျပ်ခန့် ဈေးတက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံ နှမ်းဖြူရော နှမ်းနက်ဈေးပါ မြင့်တက်သွားတာ တွေ့ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၉၅၂၁၁ ၉၅၁၃၂၃ ၄၃၈၈၈ ၄ .၄ ၁၂၆၅ ၁၂၆၃ ၂ ၀ .၁နှမ်းနက် ၁၁၇၃၀၃၄ ၁၀၉၆၇၉၄ ၇၆၂၄၀ ၆ .၅ ၁၄၇၀ ၁၄၆၈ ၂ ၀ .၁ MIRT (DOBT)
Background