Main menu

Background

မန်းဈေးကွက်အတွင်းမှ ဆီနေကြာ

Tue, 01/03/2012 - 06:51 -- Anonymous (not verified)

      မန္တလေးဈေးကွက်အတွင်းသို့ ဆောင်းသီးနှံဆီနေကြာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလလောက်မှ ပုံမှန်ဝင်ရောက် မှာဖြစ်ပြီး၊ လက်ရှိမှာတော့ သီးနှံလက်ကျန်အဟောင်းများသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ဆီနေကြာလို မျိုးသမားများနဲ့ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များမှဝယ်ယူကြကြောင်း၊ လှောင်လက်သမားများအနေနဲ့ ပစ္စည်းကြိုက်၊ ဈေးကြိုက်မှသာ အရောင်း အဝယ်ဖြစ်ကြကြောင်း၊ မျိုးသမားများ အနေနဲ့ ၃ တင်းတစ်အိတ် ၂၄၀၀၀ ကျပ်၊ ၂၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆီစက် သမားများအနေနဲ့ ၃ တင်းတစ်အိတ် ၂၃၀၀၀ ကျပ်၊ ၂၃၅၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။     ပုံမှန်အားဖြင့် တစ်နေ့ကို ဆီနေကြာအိတ် ၅၀၀ မှ အိတ် ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။ ခင်ပပနိုင်