Main menu

Background

မတ်ပဲ

Tue, 01/03/2012 - 06:52 -- Anonymous (not verified)

မတ်ပဲ    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ       ယခင်         ယခု     ပြောင်းလဲမှု     ၁      ဘုရင့်နောင်    ၁ တန်     ၄၄၈၀၀၀     ၄၆၅၀၀၀            ၂         မုံရွာ             ၁ ပိဿာ      ၆၇၅         ၆၅၀                 ၃         ပြည်             ၁ ပိဿာ      ၇၀၀        ၆၆၀        ၄       ဟင်္သာတ        ၁ ပိဿာ       ၆၇၅       ၆၅၅            ၅        မန္တလေး        ၁ ပိဿာ       ၆၅၀       ၆၁၇        မတ်ပဲဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်မှုနည်း    ဘုရင့်နောင်ဈေးကွက်တွင် ဒီတစ်ပတ် မတ်ပဲ (RC) ကို အိတ် စပို့ဝယ်လက်တွေက ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၄၅၂၀၀၀ ကျပ်နဲ့ စတင်အဝယ်ရှိရာက နောက်ပိုင်းရက်တွေမှာ ဈေးချအဝယ် ရှိသလို ဝယ်အားပါနည်းလာတာကြောင့် ၂၇-၁၂-၂၀၁၁ ရက်နေ့မှာ တစ်တန်ကို ၄၄၉၀၀၀ ကျပ်သို့ ဈေးကျဆင်းခဲ့ပြီး ဈေးကွက် ပိတ် ချိန်မှာ အိတ်စပို့ဝယ်လက်က ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေ ဒေါ်လာတစ်ယူနစ်တန်ဖိုး ဈေးမြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိ သလို ဝယ်အားပါ ပြန်လိုက်လာတာကြောင့် ဒီဇင်ဘာ ၂၈ရက်မှာ ၄၅၁၀၀၀ ကျပ်သို့ဈေးပြန်မြင့်ခဲ့ကာ ၂၉ရက်မှာတော့ ၄၆၅၀၀၀ ကျပ်အထိ ထပ်မံဈေးမြင့်ခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပတ်လုံး တန် ၁၈၄၀ ခန့်သာဖြစ်ခဲ့ပြီး ယခင်အပတ် ထက်စာရင် တန်ထက်ဝက်ခန့် လျော့နည်းသွားခဲ့တယ်လို့ ပဲကုန်သည် တစ်ဦးကဆိုပါတယ်။ မန္တလေးဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်များက တစ်ပိဿာကို ၆၁၇ ကျပ် (တစ်တန်ကို ၃၇၇၈၄၄ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၇၀၀ ခန့် ဝယ် အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ နေ တယ်လို့ မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ်။ ပြည်ဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း) ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေး ကွက်မှာ မတ်ပဲ (RC) ရောင်းဈေးလှုပ်နေတာကို အကြောင်းပြပြီး တွက်ချက်ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်ကျလာပြီး တစ်ပိဿာ ၆၆၀ကျပ်(တစ်တန်ကို ၄၀၄၁၇၇ ကျပ်)နဲ့ တစ်ပတ်လုံး အိတ် ၂၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ ဟင်္သာတဈေး ကွက်မှာ မတ်ပဲ(ကုန်ကြမ်း) က ရောင်းသူကုန် သည်တွေထံမှာပစ္စည်း လက်ကျန်နည်းသွားပေမယ့် ရန်ကုန်အဆွဲ ကတော့ ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၅ ကျပ်(တစ် တန်ကို ၄၀၁၁၁၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြား သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။