ပြောင်း စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ တောင်ကြီး ၁ ပိဿာ ၂၈၅ ၂၇၀ ၂ လားရှိုး ၁ ပိဿာ ၃၀၅ ၃၀၀ ၃ မူဆယ် ၁ တန် ၂၂၇၆၈၈ ၂၃၂၁၅၂ ၄ မန္တလေး ၁ ပိဿာ ၃၀၉ ၃၁၁ ပြောင်းကို အိတ်စ်ပို့ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်များ ဝယ်အားပုံမှန်ရှိ တောင်ကြီးဈေးကွက်မှာ ပြောင်းအဝင် နည်းသွားပေမယ့် ရန်ကုန်-မန္တလေးဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်လုံး မိုးအဆက်မ ပြတ်ရွာသွန်းမှုကြောင့် ပြောင်းအရောင်းအဝယ်လုပ်မည့် ကုန်သည် များလာရောက်မှုမှာ ယခင်အပတ်နဲ့စာရင် နည်းသွားတယ်လို့သိရ ပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၇၀ ကျပ်နဲ့တစ်ပတ် အတွင်း ပိဿာချိန် ၄၀၀၀၀၀ ခန့်သာ ဖြစ်ခဲ့တယ်လို့ ဒေသခံ ပြောင်း ကုန်သည်တစ်ဦးကဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းက ဈေး ကွက်သို့ အဝင်လှိုင်နေသလို တရုတ်ဝယ်လက်ကလည်း ဝယ်အားများ လာတာကြောင့် ယခင်အပတ်နဲ့စာရင် အရောင်းအဝယ်ဖြစ်မှုပမာဏ က ပိုများလာတယ်လို့ဆိုပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်း ငယ်မြင့်လာပြီး တစ်ပိဿာကို ၃၁၁ ကျပ်နဲ့ တစ်ပတ်အတွင်း အိတ် ၄၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မြို့ခံပြောင်းကုန်သည်များ က ဆိုပါတယ်။ လားရှိုးဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန် ရှိပေမယ့် ဈေးကွက်သို့ ပြောင်းအဝင်များတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးမဆိုသလောက်ကျနေတယ်လို့သိရပါတယ်။ အရောင်း အဝယ်ဖြစ်မှု က တစ်ပိဿာကို ၃၀၀ ကျပ်နှင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၅၈၈၆၇၂ ခန့် ဖြစ်ခဲ့ကြောင်း ဒေသခံ ပြောင်းကုန်သည် တစ်ဦးက ဆိုပါတယ်။
Background