ထိုင်ဝမ်ကုလားပဲ စဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု ၁ မန္တလေး ၁ ပိဿာ ၈၈၀ ၈၆၂ ၂ မကွေး ၁ ပိဿာ ၈၄၅ ၈၄၅ ၃ ပခုက္ကူ ၁ ပိဿာ ၈၆၀ ၈၄၀ ၄ မုံရွာ ၁ ပိဿာ ၈၇၉ ၈၅၈ ၅ အောင်လံ ၁ ပိဿာ ၈၅၀ ၈၄၀ ၆ မြင်းခြံ ၁ ပိဿာ ၈၇၅ ၈၄၀ ၇ ပြည် ၁ ပိဿာ ၈၅၅ ၈၅၀ ၈ ရေစကြို ၁ ပိဿာ ၈၄၅ ၈၂၅ ထိုင်ဝမ်(ကုလားပဲ) ကို ခွဲစက်နဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားနည်း မန္တလေးဈေးကွက်မှာ ကုလားပဲကို မြို့ခံခွဲစက်နဲ့ ရန်ကုန်ဝယ် လက်က ဈေးလျော့အဝယ်ရှိသလို ဝယ်အားပါနည်းလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၆၂ ကျပ် (တစ်တန်ကို ၅၂၇၈၈၀ ကျပ်)နဲ့ တစ်ရက်ကိုအိတ် ၈၀၀ ခန့်သာဖြစ် ခဲ့ကြောင်းသိရပါတယ်။ မုံရွာဈေးကွက်မှာ ခွဲစက်၊ အမှုန့်ကြိတ်စက် နဲ့လက်လီသမားများက ဝယ်အားပါနည်းလာသလို ရောင်းသူကုန် သည်များထံမှာလည်း ပစ္စည်းလက်ကျန်နည်းနေပြီလို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅၈ ကျပ်(တစ်တန်ကို ၅၂၅၄၃၀ ကျပ်)နဲ့ နေ့စဉ်အိတ် ၄၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မကွေးဈေးကွက်မှာ ခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်း တဲ့အနေနဲ့ ဝယ်အားအထိုက်အလျောက်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့ စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၄၅ ကျပ်(တစ်တန်ကို ၅၁၇၄၆၉ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၂၅၀ ခန့်ဖြစ်ခဲ့တယ်လို့ မြို့ခံခွဲစက်လုပ်ငန်းရှင်တစ်ဦးကဆိုပါ တယ်။ အောင်လံဈေးကွက်မှာ ကုလားပဲကို ခွဲစက်တွေက တစ် ပိဿာ ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)နဲ့ ဝယ်အားခပ်ပါး ပါးသာရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ နေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ကုလားပဲက ယခင် အပတ်က တစ်ပိဿာကို ၈၅၅ ကျပ်(တစ်တန်ကို ၅၂၃၅၉၃ ကျပ်)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာက ဒီတစ်ပတ်မှာ တစ်ပိဿာကို ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီအချိန်မှာ ပဲလက်ကျန်နည်းနေတဲ့ကာ လဖြစ်သလို ပဲစိုက်နေတဲ့ကာလလဲ ဖြစ်နေတဲ့အတွက် ပဲအရောင်း အဝယ်ပါးကာ ယခုလို ဈေးတွေကျလာတယ်လို့ မြို့ခံပဲကုန်သည် တစ်ဦးကဆိုပါတယ်။
Background