Main menu

Background

ကုလားပဲဖြူလုံးကြီး

Tue, 01/03/2012 - 06:55 -- Anonymous (not verified)

ကုလားပဲဖြူလုံးကြီး    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်        ယခု    ပြောင်းလဲမှု     ၁    ဘုရင့်နောင်    ၁ ပိဿာ          ၁၀၅၀     ၁၀၅၀               ၂    မန္တလေး         ၁ ပိဿာ            ၉၂၆         ၈၇၃         ၃    မုံရွာ              ၁ ပိဿာ            ၈၉၅        ၈၉၅        ၄    မြင်းခြံ           ၁ ပိဿာ             ၈၂၅        ၈၀၀ကုလားပဲဖြူလုံးကြီးပစ္စည်းလက်ကျန်နည်းလို့ အရောင်းအဝယ်ဖြစ်မှုနည်း    မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို  ဒေသတွင်း ပဲခွဲစက်နဲ့ ရန်ကုန်ဝယ်လက်အချို့ ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတာကြောင့် အရောင်း အဝယ်ဖြစ်မှုပမာဏလည်း လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၇၃ ကျပ်(တစ်တန်ကို ၅၃၄၆၁၆ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၅၀၀ မှ ၇၀၀ ကြားသာဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မြင်းခြံဈေးကွက်မှာ ဒီတစ် ပတ်လုံး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲအရောင်းအဝယ်ပြု လုပ်လိုသည့် ကုန်သည်ကြီးများက လာရောက်မှု နည်းပါးပြီး ကုလား ပဲဖြူလုံးကြီးက ဈေးနှုန်းသာရှိပြီး အရောင်း အဝယ်ကတော့ မိုးနဲ့အတူ အေးနေတယ်လို့ ပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။ မုံရွာ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို မြို့ခံပဲခွဲစက်သမားများက တစ် ပိဿာကို ၈၉၅ ကျပ်(တစ်တန် ကို ၅၄၈၀၈၉ ကျပ်)နဲ့ အဝယ် ခပ်ပါးပါးရှိခဲ့သလို လှောင်လက်ကုန်သည်များမှာလည်း ပစ္စည်းလက် ကျန်နည်းသွားပြီလို့ သိရပါတယ်။