Main menu

Background

သိပ္ပံနှမ်း

Tue, 01/03/2012 - 06:59 -- Anonymous (not verified)

သိပ္ပံနှမ်းစဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်      ယခု    ပြောင်းလဲမှု၁    အောင်လံ          ၁ ပိဿာ         ၁၈၉၀    ၂၀၀၀ နှမ်းဖြူကို တရုတ်အဆွဲပုံမှန်ရှိ    မန္တလေးဈေးကွက်သို့ရေနံချောင်း၊ ပခုက္ကူ၊ ချောက်၊ အောင်လံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မြင်းမူ၊ ခင်ဦး၊ ဝက်လက်စတဲ့ ဒေသများမှ နှမ်းဖြူတွေ ဝင်ရောက်လာသလို တရုတ်ဝယ်လက်ကလည်း အရည် အသွေးပေါ်မူတည်ပြီး ဝယ်အား  ပုံမှန်ရှိခဲ့တယ်လို့  ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၁၅၂၂ ကျပ်(တစ်တန် ကို ၉၃၂၀၅၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးဝယ်လက်က တစ် ပိဿာကို ၁၄၂၅ ကျပ် (တစ်တန်ကို ၈၇၂၆၅၅ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၄၀၀ ကြား ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေတယ်လို့  မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ ရေစကြိုဈေးကွက်မှာ ဒီတစ်ပတ် မိုးရွာသွန်းမှုကြောင့် နှမ်းဖြူအ ရောင်းအဝယ်က ယခင်အပတ်နဲ့စာရင် လျော့နည်းခဲ့တယ်လို့သိရပါ တယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၇၀ ကျပ်(တစ်တန် ကို ၈၃၈၉၇၄ ကျပ်)နဲ့ တစ်ပတ်လုံးအိတ် ၅၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက် က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါပိုများလာတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၂၀၀၀ ကျပ် (တစ် တန်ကို ၁၂၂၄၇၈၀ ကျပ်)နဲ့ တစ်ရက်ကို အိတ် ၃၀၀ မှ ၅၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့မြို့ခံနှမ်းကုန်သည်တစ်ဦးကဆိုပါတယ်။