Main menu

Background

ထိုင်းအစိုးရက ၂၀၁၂ တွင် ဈေးနှုန်းထိန်းချုပ်ခြင်းကို အဓိကထားမည်မဟုတ်

Tue, 01/03/2012 - 07:19 -- Anonymous (not verified)

    ထိုင်းစီးပွား/ကူးသန်း ဒုတိယဝန်ကြီး နိုင်းကစ်တိရက်နုရနောင်းက ၂၀၁၂ ခုနှစ်မှာ ကုန်ပစ္စည်းဈေးနှုန်း ထိန်းချုပ်မှုကို အဓိကထားမည်မဟုတ်ကြောင်း၊ သို့သော်လည်း အပြိုင်အဆိုင်ဖြစ်စေရန် ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်က သင့်တော်သောဈေးကွက်မှာ ပြိုင်ဆိုင်မှုရှိသော ကုန်ပစ္စည်းများကို မှန်ကန်တဲ့ ထုတ်လုပ်မှုစရိတ်အရ ဈေးတက်ခွင့်၊ ဈေးလျော့ခွင့်ပေးသွားမှာဖြစ်ပြီး ဖြန့်ချိရောင်းချတဲ့ ဈေးနှုန်းကလည်း တရားမျှတမှုရှိရမှာဖြစ်ကြောင်း လမ်းစဉ် ချမှတ်ပေးထားပါတယ်။ ရေကြီးချိန်မှာလည်း ကြက်ဥပြတ်လတ်ပြီး ဈေးကြီးသည့်တိုင်အောင် ကုန်ပစ္စည်းများ ဈေးကွက်မှာ ပြည့်စုံမှုရှိစေရေး ကြိုးစားဆောင်ရွက်ပေးခဲ့ပြီး ပြည်ပမှ ကြက်ဥတင်သွင်းခွင့်ပြုခဲ့ကြောင်း၊ အစိုးရအဖွဲ့က ကုန်ပစ္စည်းများ အလွန်အမင်းဈေးကြီးခြင်းနဲ့ ဈေးပေါခြင်းမဖြစ် အောင် ကြည့်ရှုဆောင်ရွက်ပေးနေကြောင်း၊ အလုပ်သမားခ မြင့်တက်ခြင်း ကလည်း ထုတ်လုပ်မှုစရိတ်အား အလွန်အမင်းမထိခိုက်နိုင်ကြောင်း၊ လုပ်အားခတိုးမြှင့်ပေးခြင်းနဲ့ လယ်ယာထွက်ကုန်ပစ္စည်း ဈေးနှုန်းပြုပြင် ပြောင်းလဲခြင်းက ပြည်သူအတွက်အကျိုးဖြစ်ထွန်းမှုရှိစေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ငွေကြေးဆိုင်ရာ ကော်မတီအဖွဲ့က အတိုးနှုန်းလျှော့ချပေးခြင်းဖြင့် လုပ်ငန်းရှင်များရဲ့ ကုန်ထုတ်လုပ်မှုစရိတ် သက်သာပြီး ငွေကြေးဖောင်းပွမှုကို စိုးရိမ်ရန်မလိုအပ်တော့ကြောင်းလည်း စီးပွား^ကူးသန်း ဒုဝန်ကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: ထိုင်းရတ်သတင်းစာ၊ လွင်မျိုးဇော်