Main menu

Background

တရုတ်နယ်စပ်မှ ပရဆေး တင်ပို့မှု ယခင်တစ်ပတ်ထက် တန် ၂၀၀ ပိုမို

Tue, 01/03/2012 - 07:20 -- Anonymous (not verified)

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေး ဇုန်ကနေ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၆၆ သန်းတန်ဖိုး ရှိ ပရဆေး ၄၈၃ ဒသမ ၇၉ တန်ကို ဒီဇင်ဘာလ ၂၁ မှ ၂၇ ရက်အထိ ကာလအတွင်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။  ယခင် အပတ်ကထက် တန် ၂၀၀ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ဆီးဆံ၊ တောဂျူးမြစ်၊  မိကျောင်းကွမ်း ဖတ်စေ့၊ သီဟိုဠ်စေ့ (အခွံမပါ)၊ ကြောင်ပန်းစေ့၊ ကြောင်လျာစေ့နဲ့ တောင်လုံးကျော် တင်ပိုမှု ပိုမိုခဲ့ပြီး ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ စကားပန်းပွင့် ခြောက်၊ နေလဲစေ့၊ ရွေးရွက်၊ အုံတုံခေါက်၊ ဒရင်ကော်မြစ်နဲ့ ရှိန်းခိုတို့ တင်ပို့တဲ့အတွက် တင်ပို့မှုပိုမိုရခြင်းဖြစ်ပါတယ်။ မြန်မာ - အိန္ဒိယနယ်စပ်ရှိ တမူးစခန်းကတော့ တန်ဖိုး ကျပ် ၇ ဒသမ ၇၈ သန်းဖိုးရှိ တောင်လုံးကျော်၊ ဟင်းရိုင်းဖြူ၊ ဆောင်မေခါးနဲ့ ဆူးပန်း ၂ ဒသမ ၆ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)