မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်စခန်း၊ မြန်မာ - ထိုင်းနယ်စပ်ရှိ မြဝတီစခန်းနဲ့ မြန်မာ - ဘင်္ဂလားဒေရှ့် နယ် စပ်ရှိ စစ်တွေနဲ့ မောင်တောစခန်းများကနေ ဒီဇင်ဘာ ၂၁ မှ ၂၇ ရက်ထိကာလအတွင်း ရေထွက်ကုန် ၇၆၉ တန်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၄၈၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နယ်စပ် အလိုက် တင်ပို့မှုတွေကတော့ မူဆယ် စခန်းမှ ငါးရှဉ့် ၁၇၇ တန်ကျော်၊ ကဏန်း(အရှင် )၁၁၆ တန်ကျော်၊ ရေငန်ငါးမျိုးစုံ ၉၆ တန်ကျော်နဲ့ ပုစွန်ခြောက် တန် ၅၀ နီးပါး၊ မြဝတီနယ်စပ်ကနေ ကဏန်း ၁၁ တန်ကျော်၊ ရေငန်ငါးမျိုးစုံ တန် ၁၀၀ ကျော်၊ ရေချိုပုစွန် ၇ တန်ကျော်နဲ့ ငါးရှဉ့် ၁ တန်ကျော်၊ စစ်တွေနယ်စပ်မှ ရေချိုငါး ၈၄ တန်၊ ငါးခြောက် မျိုးစုံ ၂၄ တန်ကျော်နဲ့ မောင်တောနယ်စပ်မှ ရေငန်ပုစွန် ၁၀ တန်ကျော်၊ ငါးခြောက်မျိုးစုံ ၈၉ တန်ကျော်တို့ အသီးသီး တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မိမိဘက် ရေထွက်ကုန်ပစ္စည်းများ လျော့ကျခဲ့တာကြောင့် တင်ပို့မှုလည်း ယခင်အပတ်ထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ ယခုတပတ် ဈေးနှုန်းတွေက တော့ ငါးရှဉ့်တစ်တန် ၃၆၂၅၇၀၇ ကျပ်၊ ကဏန်း (၁၅၀ ကစ)တစ်တန် ၂၃၉၆၃၉၀ ကျပ်၊ ကဏန်း (၂၀၀ - ၂၅၀) တစ်တန် ၂၂၄၀၇၈၁၊ ကဏန်း (၁၅၀ -၂၀၀) တစ်တန် ၂၀၈၅၁၇၁ ကျပ်၊ ကဏန်း (၁၀၀ - ၁၅၀)တစ်တန် ၁၉၆၈၄၆၃ ကျပ် အသီးသီးဖြစ်တာ တွေ့ရပါတယ်။ MIRT(DOBT)
Background