မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်စခန်းတွေကနေ ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၂၂၈ သန်းဖိုး အေးခဲအမဲသား၊ အမဲသားခြောက်၊ မျိုးချောင်း၊ ဝမ်းတွင်းသားနဲ့ အမြီး ၅၇၆ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၉၀ ခန့် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ အေးခဲအမဲသား ၂၉၀ တန်နီးပါး၊ အမဲသားခြောက် ၉၅ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ အေးခဲအမဲသား ၁၈၂ တန်၊ နွားမျိုးချောင်း ၃ တန်၊ ဝမ်းတွင်းသား ၄ တန်ခွဲနဲ့ အမြီး ၂ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)
Background