ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၆၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းဖိုးကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀ ခန့်သာ လျော့နည်းတင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့မှုလို့ ဆိုရပါမယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းများလည်း ငြိမ်နေတာကြောင့် တင်ပို့မှုလည်း မှန်တန်းဖြစ်နေတာကို တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှား၊ ဗီယက်နမ်နဲ့ ပါကစ္စတန်တို့ပဲဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန်ချိန် ၁၅၀၀ နီးပါး ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ FOB(ရန်ကုန်) ဈေးကတော့ RSS-3 တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာ အသီးသီးဈေးပေါက်နေတယ်လို့ သိရပါတယ်။K.Z.W
Background