Main menu

Background

၂၀၁၂ ရော်ဘာဝယ်လိုအား ကျဆင်းမည်ဟု အိန္ဒိယရော်ဘာအသင်း ခန့်မှန်း

Tue, 01/03/2012 - 07:29 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာ စီးပွားရေးကျဆင်းတဲ့အပြင် ထုတ်လုပ်မှုပါ ကျဆင်းခဲ့တာကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှစ်စကခန့်မှန်းထားတာထက် ရော်ဘာဝယ်လိုအား ကျဆင်းနိုင်ကြောင်းရော်ဘာအသင်း ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ယခုနှစ် ပထမရှစ်လမှာ သုံးစွဲမှုက မူလခန့်မှန်းခြေအောက်လျော့ကျခဲ့ပြီး လစဉ်ပျမ်းမျှ သုံးစွဲမှု ၇၉၀၇၆ တန်ရှိကာ မူလလျာထားချက်က ၈၁၄၁၆ တန်ရှိကြောင်းသိရပါတယ်။ရော်ဘာကို မော်တော်ယာဉ်၊ ဖိနပ်၊ စက်ပစ္စည်းနဲ့ ယာဉ်အပိုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း များမှာ သုံးစွဲကြောင်းသိရပါတယ်။ ဧပြီမှ နိုဝင်ဘာလအထိ သုံးစွဲမှု ၆၃၂၆၁၅ တန်ရှိပြီး လွန်ခဲ့တဲ့တစ်နှစ်ထက် သုံးစွဲမှု အနည်းငယ်ပိုမိုခဲ့တယ်လို့ ရော်ဘာ အသင်းရဲ့စာရင်းများ အရသိရပါတယ်။ အတိုးနှုန်းမြင့်တက်ခြင်းနဲ့ ကုန်ကြမ်းပစ္စည်းဈေးနှုန်း တွေ မြင့်တက်ခြင်းက အိန္ဒိယရဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်မှုကို လွန်ခဲ့တဲ့လ အနည်းငယ်အတွင်းမှာ ကျဆင်းစေခဲ့ပါတယ်။ အောက်တို ဘာလမှာ စက်မှုလုပ်ငန်းက ထုတ်လုပ်မှုက ၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခင်နှစ်အလားတူ ကာလက ၁၁ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။ မော်တော်ကား ထုတ်လုပ်ရေးများကဲ့သို့ ရော်ဘာ ဝယ်လိုအားရှိတဲ့ စက်မှုလုပ်ငန်းတွေက ထိခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။ တာယာစက်မှုလုပ်များက ရော်ဘာ အများဆုံး သုံးစွဲမှုဖြစ်ပြီး ယခုနှစ် မှာတော့မော်တော်ယာဉ် ရောင်းချရမှုနှုန်းတွေက ပုံမှန်ရှိကြောင်း အိန္ဒိယ မော်တော်ကား ထုတ်လုပ်သူများအသင်းက ပြော ကြားခဲ့ပါတယ်။ အောက်တိုဘာလမှာတော့ မော်တော်ကား ထုတ်လုပ်ရေးတွေက ၂၀၁၁ - ၂၀၁၂ ပြည်တွင်းကား အရောင်းနှုန်း ကို ၁၆-၁၈ ရာခိုင်နှုန်းမှ ၂-၄ ရာခိုင်နှုန်း အထိ လျှော့ချခဲ့ပါတယ်။ စီးပွားရေးမတည်ငြိမ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးဝယ်လိုအား မကောင်းကြောင်းနဲ့ ကမ္ဘာ့ရော်ဘာသုံးစွဲမှုက ယခုနှစ်များမှာ ၂ ဒသမ ၁ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ယခင်နှစ်က ၁၅ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ရော်ဘာအသင်း ဥက္ကဌက ပြောကြားခဲ့ပါတယ်။ အိန္ဒိယရော်ဘာအထွက်နှုန်းက စိုက်ဧရိယာ ၄ ရာခိုင်နှုန်းနီးပါး တိုးလာတာကြောင့် ယခုနှစ်မှာ ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါတယ်။ တကယ်လို့ ကာရာလာမှာ ယခုနှစ်မုတ်သုံရာသီက  မိုးမကြီးခဲ့ဘူးဆိုရင် ယခုထက်ပိုမိုပြီး အထွက်နှုန်းကောင်းမယ် လို့ ရော်ဘာ အသင်းဥက္ကဌက ပြောကြားပါတယ်။ ဧပြီမှ နိုဝင်ဘာလအတွင်း သဘာဝရော်ဘာ ၅၇၅၁၀၀ တန် ထုတ်လုပ်ခဲ့ပြီး ယခင်နှစ် ကတော့ ၅၄၈၁၅၀ တန်သာထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ရော်ဘာစိုက်ပျိုးရေး တွေလည်း ပိုများလားပြီး ပြန် လည် စိုက်ပျိုးခြင်းကလည်း တိုးတက်မှုရှိမယ်ဆိုရင် ယခုနှစ်မှာ အစေးထွက်အား ပိုကောင်းမယ် လို့ ရော်ဘာအသင်းမှ ခန့်မှန်းထားပါတယ်။ ၂၀၁၁-၂၀၁၂ မှာ ရော်ဘာစိုက်ဧရိယာ ဟတ်တာ ၇၃၇၀၀၀ ဟတ်တာအထိ မြင့်တက်လာပြီး ယခင်နှစ်က ၇၁၁၅၆၀ ဟက်တာသာရှိပါတယ်။ ကြီးထွားတဲ့အချိန် ၇ နှစ် အပါအဝင် ရော်ဘာပင်ရဲ့ အစေးထုတ်လုပ်မှု သက်တမ်း ၃၂ နှစ်ရှိကြောင်း သိရပါတယ်။ အရှေ့မြောက်ဒေသ၊ ဂိုရာ၊ ကာနာတာက၊ သြဒီစ၊ မဟာရာရှထရာ၊ အနောက်ဘင်ဂါနဲ့ အန်ဒရာဖရာဒေရှ်က တောင်သူတွေကို ရော်ဘာတိုးချဲ့စိုက်ပျိုးဖို့ ဆော်သြထားကြောင်းလည်း သိရပါတယ်။ ကာရာလာနဲ့ တမိနာဒူးကအိန္ဒိယရဲ့ အဓိကရော်ဘာစိုက်ပျိုးတဲ့ ဒေသတွေဖြစ်ပြီး ယခုနှစ်မှာ တန် ၉၀၂၀၀၀ လောက် ထွက်ရှိမယ်လို့ မှန်း ထားပြီး ဇန်နဝါရီလကထုတ်လုပ်မှုအထွတ်အထိပ်ကာလဖြစ်ကြောင်း သိရပါတယ်။ ရာသီဥတု ကောင်းရင်းတော့ ထုတ်လုပ်မှု တက်နိုင်ကြောင်း ရော်ဘာအသင်းဥက္ကဌက ပြောကြားပါတယ်။Source: Fabber markel news,K.Z.W