ဒီဇင်ဘာ ၁၇ ရက်မှာ အာရှရော်ဘာဈေးနှုန်းတွေက ဒီဇင်ဘာ ၂၀ ရက်က နှုန်းထားထက် ဦးမော့လာတယ်။ ဒါပေမဲ့ တစ်နှစ်တာဈေးနှုန်း ပေါက်ဈေးတွေနဲ့ ယှဉ်ရင် များစွာ အားနည်းနေတဲ့အပြင် ဖေဖော်ဝါရီလက ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံး နှုန်းထားအောက်ကို တစ်တန်မှာ ဒေါ်လာ ၃၀၀၀ ဝန်းကျင် လျော့နည်း သွားပြီဖြစ်တယ်။ကမ္ဘာ့ရော်ဘာသုံးစွဲမှုအများဆုံးဖြစ်တဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိ ကန် ၊ တရုတ်နဲ့ အီးယူဒေသနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကျဆင်းကာ ကားအရောင်းနှုန်းလျော့ကျသွားခြင်းက ရော်ဘာ ဈေးနှုန်းကို ဖိအားဖြစ်စေတယ်လို့ သိရတယ်။ လာမယ့် ၂၀၁၂ ခုနှစ် ၊ ပထမသုံးလပတ်အထိ ကာလမှာလည်း ကမ္ဘာ့စီးပွားရေးအင်အားကြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ထွန်းသစ်စနိုင်ငံတွေ စီးပွားရေးမှာ အကျဘက်ကို ဦးတည်နေမယ်လို့ စိုးရိမ်ပူပန်လာခြင်းက ရော်ဘာဝယ်လိုအားကို လျော့ကျစေမယ်လို့ ခန့်မှန်းကြတယ်။ ဒါ့အပြင် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုအများဆုံးနိုင်ငံတွေရဲ့ ရော်ဘာရောင်းလိုအား မြင့်မားနေပြီး ရော်ဘာ တုသုံးစွဲမှု မြင့်မားလာခြင်းက သဘာဝရော်ဘာဝယ်လိုအားကို လျော့ကျစေရာ လာမယ့် ပထမသုံးလပတ်ကာလအထိ သဘာဝရော်ဘာ ဈေးနှုန်းတွေ ကျဆင်းမယ်လို့ ခန့်မှန်းကြတယ်။ပပ၊ Source:Bloomberg.com, rubberboard.org.in
Background