Main menu

Background

ပြောင်းတင်ပို့မှုလျော့သော်လည်း ဈေးနှုန်းမြင့်တက်

Tue, 01/03/2012 - 07:32 -- Anonymous (not verified)

    ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်စခန်းနဲ့ ကန်ပိုက်တီးစခန်းများကနေ ပြောင်းဖူးစေ့ ၂၃၈၃၅ တန်၊တန်ဖိုးကန်ဒေါ်လာ ၆ ဒသမ ၅၄၈ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၂၀၀၀ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်ကနေ တင်ပို့မှုမရှိတာကြောင့် ယခုတစ်ပတ်  တင်ပို့မှုလျော့ နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၂၁၂၂၂ တန်၊ ချင်းရွှေဟော်မှ ၂၁၁၂ တန်နဲ့ ကန်ပိုက်တီးမှ တန် ၅၀၀ တို့ တင်ပို့ခဲ့တာဖြစ်ပါ တယ်။ မိမိဘက် ပြောင်းဖူးစေ့ဈေးနှုန်းရော နှံစားပြောင်းဈေးနှုန်းပါ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။ သယ်ယူခနှုန်းထားများကတော့ မြင့်တက်ခြင်းမရှိကြောင်း တွေ့ရ ပါတယ်-                                    မိမိဘ က်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                                    ယခု          ယခင်      ပြောင်းလဲမှု    %       ယခု    ယခင်    ပြောင်းလဲမှု      %ပြောင်းဖူးစေ့    ၂၃၁၁၀၅    ၂၂၅၄၃၅        ၅၆၇၀       ၂ .၄    ၃၀၅     ၃၀၈           ၃            ၀ .၀၀၁နံှစားပြောင်း    ၂၄၈၅၉၉    ၂၃၇၀၄၅        ၁၁၅၅၄      ၄ .၆    ၃၃၂      ၃၃၂          -                 -MIRT (DOBT)