ကမ္ဘာ့ဈေးနှုန်းက ပြောင်းတစ်ဘူရှယ် ၅ ဒေါ်လာ (တစ်တန်ကန်ဒေါ်လာ ၂၀၀)ကို ၁၉ ရာခိုင်နှုန်း ကျဆင်းပါက ပြည်တွင်းဈေးထက်သိသိသာသာ လျော့ကျ တဲ့ ဈေးဖြစ်လို့ ကမ္ဘာမှာ ဒုတိယပြောင်းအများဆုံးသုံးစွဲတဲ့ တရုတ်နိုင်ငံက ပြောင်းပိုမို တင်သွင်းနိုင်တယ်လို့ Yigu Information Consulting ကုမ္ပဏီမှ ပြောကြားပါ တယ်။ ပြောင်းစံချိန်တင်ထွက်ရှိပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ပြောင်းရောင်းချမှု လုံ လောက်နေပေမဲ့ အကယ်လို့ဈေးနှုန်း အကျိုးအမြတ်ရရှိမယ်ဆိုရင် ၎င်းရဲ့သို လှောင်မှုကိုတိုးမြှင့်ဖို့ အစိုးရမှတင်သွင်းနိုင်တယ်လို့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြောင်း သတင်းဌာန Yigu မှ အထွေထွေမန်နေဂျာ Feng Lichen က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန်အစာနဲ့ အီသနောထုတ်လုပ်ရာမှာ အသုံးပြုတဲ့ပြောင်းဟာ ကမ္ဘာ့ရောင်းချမှုမြင့်တက်ခြင်း၊ ဥရောပ ကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်မှုများနဲ့ ကမ္ဘာ့စီးပွားရေးနှေးကွေးခြင်းတို့ကြောင့် ဝယ်လိုအားကျဆင်းပြီး သြဂုတ် ၃၁ ရက် နောက်ပိုင်း ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်မှာ ပြောင်းအပါ အဝင် စိုက်ပျိုးရေးကုန်စည်ဈေးများ အနိမ့်ဆုံးကိုကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဈေးသက်သာမယ်ဆိုရင် အာဂျင်တီးနားပြောင်းရိတ်သိမ်းမယ့် ဖေဖော်ဝါရီလ မှာ တရုတ်နိုင်ငံကပြောင်းတင်သွင်းဖွယ်ရှိတယ်လို့ ချီကာကိုအခြေစိုက် လေ့လာဆန်း စစ်သူ Tim Hannagan က ဆိုပါတယ်။ အမေရိကန် စိုက်ပျိုးမှုအခြေအနေ မရေရာမှုကြောင့် ဧပြီလမှာတော့ ဈေးမြင့်တက်နိုင်တယ်လို့ဆိုပါတယ်။ ယခင်နှစ် ပြည်တွင်းထွက်ရှိမှုထဲမှ တန်ချိန် ၁၀ သန်း သိုလှောင်ထားပြီးတဲ့ အပြင်၊ ပြည်ပကတန်ချိန် ၄ သန်း တင်သွင်းထားတဲ့အတွက် ဈေးကွက်ထိန်းချုပ်ဖို့ အလုံအလောက်ရှိလို့ တရုတ်အစိုးရအနေနဲ့ ပြောင်းတင်သွင်းဖို့ အလျင်မလိုပါဘူးလို့ ၤနညါ ကဆိုပါတယ်။ ချီကာကိုမှာ မတ်လပို့ရမယ့်ပြောင်းဈေးဟာ ၀ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး၊ တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၁၅၅ (တစ်တန်ကန် ဒေါ်လာ ၂၄၆) ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှ စားသုံးသူဝယ်ယူဈေးဟာ အမေရိကန် ပြောင်းတစ်တန်ကို ယွမ် ၂၄၀၀ (ကန်ဒေါ်လာ ၃၇၈) ဈေးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်လအနည်းငယ်မှာ တရုတ်နိုင်ငံရဲ့ပြောင်းဈေးဟာ တစ်တန်ယွမ် ၂၂၀၀ နဲ့ ၂၄၀၀ (ကန်ဒေါ်လာ ၃၄၇-၃၇၈) အတွင်းမှာရှိနိုင်တယ်လို့ဆိုပါတယ်။ တရုတ်အစိုးရဟာ တောင်သူများကို အထောက်အပံ့ပြုဖို့ ပြည်တွင်း ပြောင်းကို ဝယ်ယူသွားမယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာဆိုပါတယ်။ ကြမ်းခင်းဈေးကို ဒေလီယံ မှာ တစ်တန် ယွမ် ၂၂၀၀ (ကန်ဒေါ်လာ ၃၄၇) ဈေးအဖြစ် ဈေးနှုန်း သတ်မှတ် ရေးစင်တာမှ သတ်မှတ်ပေးထားပါတယ်။ လာမယ့်နှစ်အတွက် အမြင့်ဈေးကတော့ မွေးမြူရေးစက်ရုံများမှ တိရစ္ဆာန်အစာဝယ်လိုအားနဲ့ ပြောင်းပြုပြင်ထုတ်လုပ်သူများ အပေါ်မူတည်နေပြီး ထုတ်လုပ်မှုစရိတ်အတွက် ယွမ် ၁၀၀ မှ ၂၀၀ အထိ တိုးမြှင့်ခွင့် ပြုဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ် တရုတ်ပြောင်းထွက်ရှိမှုဟာ အစောပိုင်းခန့် မှန်းချက်ထက် တန်ချိန် ၇ သန်းပိုမိုပြီး၊ တန်ချိန် ၁၉၂ သန်းအထိ စံချိန်တင်ထွက်ရှိ ခဲ့တယ်လို့ တရုတ်အစိုးရမှ တရားဝင်ခန့်မှန်းထားပါတယ်။ ယမင်းခင် ၊ Source: Bloomberg
Background