ကျောက်တန်းမြို့ မှော်ဝန်းချောင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မြေ ကွက်များမှာ အဝယ်လိုက်လာမှုများကြောင့် ဈေးများ အဆမတန်ခုန်တက် သွားကြောင်း သိရသည်။ ယခင်က မြေကွက်တစ်ကွက်လျှင် ကျပ်သုံးသိန်း သာရှိရာမှ ယခုအခါ မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့် တက်လာကြောင်း ကျောက်တန်းမြို့မှ အိမ်ခြံမြေရောင်းဝယ်ရေးသမား တစ်ဦး၏ ပြောပြချက်အရသိရသည်။ "အခုနောက်ပိုင်း ဒီနေရာကို မြေဝယ်တဲ့သူတွေ မျက်စိကျလာကြ တယ်။ အရင်တုန်းက မြေတစ်ကွက်ရောင်းဖို့ တော်တော်ကြာကြာစောင့်ရ တယ်။ ရောင်းရဖို့လည်း အာပေါက်မတတ်ပြောရတာ၊ အခုတော့ ဘယ်က ဘယ်လို သတင်းထွက်သလဲဆိုတာတော့ မသိဘူး။ ဒီမှော်ဝန်းချောင်းကို ဖြတ်ပြီး တံတားဆောက်မယ်ဆိုတဲ့အတွက် အခုလိုမြေဈေးတွေ တက်လာ တာပဲ။ အခုဆိုရင် လာဝယ်တဲ့သူတွေရော လာစုံစမ်းတဲ့သူတွေရော ပွဲစား တွေရော စုံနေတာပဲ။ မြို့ပေါ်မှာဆိုရင် ပိုဆိုးသေးတယ်။ တချို့အိမ်တွေ ဆိုရင် ရောင်းမလားလို့ အိမ်ပေါ်အထိ တက်မေးခံရတဲ့ သူတွေတောင်ရှိ တယ်"ဟု ပြောပြခဲ့သည်။ကျောက်တန်းမြို့နယ် မှော်ဝန်းချောင်းတစ်ဖက်ကမ်းတွင် လယ်မြေ ဧကပေါင်း နှစ်သောင်းကျော်ရှိရာ အဆိုပါလယ်မြေများပေါ်တွင် အလုပ် မဖြစ်ကြသူများကလည်း ၎င်းင်းတို့၏လယ်မြေများကို ရသည့်ဈေးဖြင့် ရောင်းချ နေသည်များရှိသကဲ့သို့ အဆိုပါလယ်မြေများပေါ်တွင် လုပ်ကိုင်စားသောက် နေသူများမှာ ပြောင်းရွှေ့ပေးရမည်ကိုစိုးရိမ်လျက်ရှိကြောင်း သိရသည်။မယ်သီတာ
Background