Main menu

Background

မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ကြည့်ရှုအားပေး

Tue, 01/03/2012 - 07:41 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး  အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ဇံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီး အင်ဂျင်နီယာ၊ ခရိုင်တာဝန်ခံနဲ့ ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာစည်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများအား ဒီဇင်ဘာ ၂၉ ရက်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပါတယ်။ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာ သံရည်ကျို၊ ပုံလောင်းကုန် ထုတ်လုပ်ငန်းကိုရောက်ရှိရာ လုပ်ငန်းအစုအဖွဲ့ဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ၊ အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်ရရှိမှုများတင်ပြပါတယ်။ ဆက် လက်ပြီး ကျေးရွာမှ မိမိအစီအစဉ်နဲ့ လျှပ်စစ်မီး သွယ်တန်းပြီးစီးမှုအခြေအနေ များအားတင်ပြပါတယ်။ ဝန်ကြီးမှ ဈေးကွက်နှင့် နည်းပညာရရှိရေး၊ လုပ်ငန်းသုံး လောင်စာများ ဈေးနှုန်းသက်သာစွာရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ လမ်းညွှန်မှုပြုပြီးနောက် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင်များကို သွားရောက်ပြီး အား ပေးကြည့်ရှုပါတယ်။ဆက်လက်ပြီး သာစည်မြို့နယ်၊ မယ်ဇလီကန်ကျေးရွာအိုးနဲ့ မီးသွေးမီးဖို ထုတ် လုပ်ငန်းကိုရောက်ရှိရာ လုပ်ငန်းအစုအဖွဲ့ကော်မတီများမှ ထုတ်လုပ်မှုအခြေအနေ၊ ဈေးကွက်ဖြန့်ဖြူးနိုင်မှုနဲ့ အရင်းအနှီးလိုအပ်ချက်များ တင်ပြဆွေးနွေးကြပါတယ်။ ဝန်ကြီးမှ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်နဲ့ နိုဝင်ဘာလထဲမှာ ကျေးရွာ ၁၂ ရွာ၊ လုပ်ငန်းအုပ်စု ၄ စုကို ကျပ်သိန်း ၆၇၃ ဒသမ ၅ ထုတ်ချေးပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဆက်လက်ပြီး ဒုတိယအကြိမ် ထုတ်ချေးရန် လျာထားတဲ့ကျေးရွာမှာ မယ်ဇလီကန်ကျေးရွာ၊ အိုးနဲ့မီးသွေးမီဖိုလုပ်ငန်းပါဝင်ပါကြောင်း၊ မကြာခင် ကာလ အတွင်း ချေးငွေများထုတ်ချေးပေးမှာဖြစ်ပါကြောင်း၊ အိုးထုတ်လုပ်မှု နည်းပညာသစ် များ တိုးတက်ရှာဖွေပြီး၊ ထုတ်ကုန်သစ်များထုတ်လုပ်ပြီး မိမိတို့မိရိုးဖလာ လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။ဇေယျာဆွေ