ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားသစ်များပိုမိုဝင်ရောက်လာပြီးနောက်ပိုင်း ဈေးတန်းများ သိသာစွာ မကျဆင်း သော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့် အဝယ်ရှိနေကြောင်း၊ အထူးသဖြင့် ရောင်းတန်းဝင် လူကြိုက်များကားများဖြစ်သော တိုယိုတာ၊ မတ်(ခ်)တူး၊ ပါဂျဲရိုး၊ ဟာရီယာ၊ တိုယိုတာကရောင်း စသည်တို့မှာ ရောင်းအားရှိနေပြီး ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်ပိုများကြောင်း သိရ သည်။နှစ်သစ် ဇန်နဝါရီလဆန်းတွင် အပ်နှံခွင့်ရှိမည့် (ဏ) အက္ခရာနှင့် နောက်ဆက်တွဲအပ်နှံခွင့်ရမည့် (ထ) အက္ခရာယာဉ်အို၊ ယာဉ်ဟောင်းများ အဝယ်ရှိသော်လည်း အရောင်းမရှိသလောက်ဖြစ်နေပြီး ကားစလစ်များမှာ မူယခင်တစ်ပတ်ကျော်က ဈေးထက် ၁၀ သိန်းခန့် ထပ်မံတက်လာပြီး ၁၂၅ သိန်းမှ ၁၃၀ သိန်းထိ ရောင်းချလာကြောင်းသိရသည်။ကားသစ်များအပြားဝင်ရောက်နေသော်လည်း အရောင်းရှိ ကာတင်သွင်းသူများလည်း ဆက်လက်များပြား နေပြီး ဝယ်လို အားရှိနေသဖြင့် စလစ် ဈေးပြန်မာနေရခြင်းဖြစ်ကြောင်း သိရသည်။ စလစ်ဈေးမြင့်တက်လာမှုနှင့်ဆက်စပ်၍ အို/ဟောင်းနှင့် စလစ်အရောင်းသမားများမှ ကားပြန်ရှာလာ၍အောက်ကားများ ဈေးပြန်လိုက်လာကြောင်း အပေါ်ဝိုင်းဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။တရုတ်နိုင်ငံမှ တင်သွင်းရောင်းချပေးသည့် ချယ်ရီဝက်ဂွန်စီးရေ ၁၀၀၀ ထဲမှ စီးရေ ၈၀၀ အား ၁၀ ရက်အတွင်း ရန်ကုန်တွင်ရောင်းချခဲ့ရပြီး ကျန်စီးရေ ၂၀၀ အား နေပြည်တော်နှင့် မန္တလေးတွင် စီးရေ ၁၀၀ ဆီရောင်းချပေးမည်ဖြစ်ကြောင်း သိရပြီး ဈေးကွက်ထဲတွင် ကျပ် ၁၂၅ သိန်းမှ ၁၃၀သိန်းခန့် ဈေးပေါက်နေပြီး မြန်မာမီနီဆလွန်းများမှာမူ ကျပ်သိန်း ၁၀၀ ဝန်းကျင်တွင်သာရှိကြောင်း သိရသည်။ ယခုရက်သတ္တပတ်အတောအတွင်း ယာဉ်အို/ဟောင်းများဈေးမြင့်ပြီး အဝယ်လိုက်မှုနှင့် အတူ အောက်ကားများ ကျပ်သိန်း ၁၀၀၊ ၁၅၀ ဝန်းကျင်ဖြင့် ပြန်အဝယ်ရှိနေသဖြင့် ခရစ္စမတ်ပွဲတော်ပိတ်ရက်ကာလများ ဖြစ်သော်လည်း ဝိုင်းများထဲတွင် လူစည်ကားနေကြောင်း သိရသည်။ SN
Background