Main menu

Background

ကားဟောင်းအပ်သည့် စလစ်ရှိရုံဖြင့် ကျပ်သိန်း ၁၂၀ ဝန်းကျင်ဖြင့် ကားကောင်းတစ်စီး ဝယ်ယူနိုင်သည့် ဆာကူရာကားအရောင်းစင်တာဖွင့်ပြီ

Tue, 01/03/2012 - 07:43 -- Anonymous (not verified)

ကားဟောင်းအပ်သည့် စလစ်ရှိရုံ ဖြင့်ကျပ် သိန်း ၁၂၀ ဝန်းကျင်ရှိ ကား ကောင်းတစ်စီးကို  ဝယ်ယူနိုင်သည့် ှေုကမေ Sakura Technical Services Co., Ltd. ၏  ကားအရောင်းစင်တာကို တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ် အိမ်ရာဝင်းအတွင်းရှိ ဆာကူရာမော် တော်ယာဉ်အရောင်းပြခန်းတွင် ဒီဇင် ဘာ ၂၅ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်အရောင်းစင်တာတွင် ယာဉ်အိုယာဉ်ဟောင်းများအစားထိုးလဲ လှယ်သူများကို ဦးစားပေးရောင်းချပေး မည်ဖြစ်ကြောင်း သိရသည်။ ယာဉ်ဝယ် ယူသူသည်  ကညနမှထုတ်ပေးသည့် ယာဉ်တင်သွင်းခွင့်လက်မှတ်ကို ပြသရ မည်ဖြစ်ကြောင်း သိရသည်။ဆာကူရာ  ကားအရောင်းစင်တာ အနေဖြင့် ပြည်ပမှကားအစီးရေ ၂၀၀ ကိုတင်သွင်းခဲ့ဖို့လျှောက်ထားခဲ့ကြောင်း၊ အရောင်းစင်တာတွင် ပြသထားသည့် ကားအစီးရေ ၅၈စီးရှိကြောင်း၊ဆိပ်ကမ်း တွင် ထုတ်ယူရန် ၁၄ စီး ကျန်နေသေး ကြောင်း၊ ကားများကို ဝယ်ယူရာတွင်  ဝန်ဆောင်စရိတ်အဖြစ် ကျပ်ငါးသိန်းကို ပေးချေရမည်ဖြစ်ကြောင်း၊ အဆိုပါဝန် ဆောင်စရိတ် ငါးသိန်းတွင် ဆိပ်ကမ်း ရှင်းလင်းစရိတ်၊ အကောက်ခွန်  ရှင်း လင်းစရိတ်၊ ကညနဝန်ဆောင်မှု၊ ကုန် သွယ်ရေးပါမစ်ဝန်ဆောင်မှု၊ နိုင်ငံခြား ဘဏ်ဝန်ဆောင်မှုများ ပါဝင်ကြောင်း၊ ကညနလိုင်စင်ကြေးကိုမူ   သီးသန့် အက်ဖ်အီးစီဖြင့် ကျသင့်ငွေကိုပေးချေ ရမည်ဖြစ်ကြောင်း၊  ဝယ်ယူသည့်ယာဉ် ကိုလိုင်စင်ရသည်အထိတာဝန်ယူဆောင် ရွက်ပေးမည်ဖြစ်ကြောင်း    အဆိုပါ Sakura Technical Services Co., Ltd. မှ ဥက္ကဋ္ဌ ဦးဌေးအောင်က ပြော ကြားခဲ့သည်။ထို့ပြင် OSS  အဖွဲ့ရဲ့ ဖျက်သိမ်းပြီး ကြောင်း လက်မှတ်နှင့် ကားတင်သွင်း ခွင့်ပါမစ်ပေးအပ်ရုံဖြင့် ကျပ်သိန်း ၁၂၀ ဝန်းကျင်ရှိ ကားကောင်းကားသန့်များ ကို ဝယ်ယူနိုင်ကြောင်း  ၎င်းင်းက ဆက် လက်ပြောကြားသည်။Sakura Technical Services Co., Ltd.  သည် ၁၉၈၁ ခုနှစ်ကတည်း က ှေုကမေ ဗကအသ ှုညိကျအမပ အမည် ဖြင့် မော်တော်ကားတင်သွင်းသည့် လုပ် ငန်းကို လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ Sakura Technical Service Co., Ltd သည် နေပြည်တော် ဥတ္တရ သီရိမြို့နယ်နှင့်  ရန်ကုန်မြို့ ကညနရုံး အနီးတို့တွင်လည်း Run Speed  အမည် ဖြင့် မော်တော်ယာဉ်အရောင်းစင်တာ တစ်ခုကို  ထပ်မံဖွင့်လှစ်ထားကြောင်း သိရသည်။             မယ်သီတာ