Main menu

Background

မန်းမှာ ဂန္ဓမာနဲ့ မေမြို့ပန်းများ အရောင်းအဝယ်သွက်

Tue, 01/03/2012 - 08:50 -- Anonymous (not verified)

မန္တလေးပန်းဈေးကွက်သို့ ဂန္ဓမာ ပန်းနဲ့  မေမြို့ပန်းများ  ပုသိမ်ကြီး၊ ကျောက်မီး၊ အုန်းချော၊ ပြင်ဦးလွင်၊ မတ္တရာနယ်များမှ ဂန္ဓမာပန်းနဲ့ မေမြို့ ပန်းများ ဝင်ရောက်လျက်ရှိပါတယ်။ ဂန္ဓမာအပွင့်သေး လက်ဆုပ်တစ် စည်း ၄၀၀-၅၀၀ ကျပ်၊ ပွင့်ကြီး ၅ ပွင့် တစ်စည်း ၂၅၀ကျပ်၊ ၃၀၀ ကျပ်၊ မေမြို့ ပန်းလက်ဆုပ်စည်း  တစ်စည်း ၅၀၀ ကျပ်၊ ၅၅၀ ကျပ်တို့ဖြင့် လက်လီရောင်း ချကြပြီး ပန်းဒိုင်များ သွင်းဈေးနှုန်းတွေ ကတော့ ဂန္ဓမာပွင့်သေး ၂၅ စည်း တစ် ထုံးကို ၉၀၀၀ ကျပ်၊ ပွင့်ကြီး ၂၅ စည်း တစ်ထုံးကို ၆၀၀၀ ကျပ်၊ မေမြို့ပန်း ၂၅ စည်းတစ်ထုံးကို ၁၀၀၀၀ ကျပ်နဲ့ ပန်း ဒိုင်များမှာ နေ့စဉ်ရောင်းဝယ်လျက်ရှိ ကြောင်းသိရပါတယ်။ ဝါဝါခင်