Main menu

Background

ပြည်ဈေးကွက်အတွင်း ဒေသထွက်အာလူးများ အရောင်းသွက်

Tue, 01/03/2012 - 08:55 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး၊ ပြည်အတွင်း ရွှေတောင်မြို့နယ်မှာ အာလူးဧက ၆၀၀ ခန့် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒေသတွင်းထွက်ရှိတဲ့ အာလူးများကို ပြည်ဈေးကွက်သို့ ဒီဇင်ဘာလ တတိယပတ်မှစပြီး ယခုတစ်ပတ်အထိ နေ့စဉ် ပိဿာ ၄၀ ဝင်အိတ် ၂၀၀ ခန့် တင်သွင်းရောင်းဝယ်လျက်ရှိပါတယ်။ ယခုပြည်ဈေးကွက်အတွင်း အောင်ပန်းအာလူးများ တင်သွင်းရောင်းဝယ်မှု မှာ အနည်းငယ်သာရှိပြီး၊ ဒေသထွက်အာလူးများကို တစ်ပိဿာ (ကြီး) ၆၀၀ ကျပ်၊ (လတ်) ၅၀၀ ကျပ်၊ (သေး) ၄၀၀ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပြီး၊ ဟင်္သာတနဲ့ ရန် ကုန်ဝယ်လက်များမှလည်း အဆွဲရှိတယ်လို့ သိရပါတယ်။         ဝင်းဝင်းခိုင်