Main menu

Background

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်း၏ အရန်ဆန်သိုလှောင်ထားရှိမှု အစီအစဉ်အတွက် လိုအပ်သော ဧည့်မထ ၂၅ရာခိုင်နှုန်း ဆန် ဝယ်ယူမည့် ကုမ္ပဏီများအား တင်ဒါစနစ်ဖြင့် ရွေးချယ်

Wed, 01/04/2012 - 03:37 -- Anonymous (not verified)

    မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း၏ အရန်ဆန်သိုလှောင်ထား ရှိမှုအစီအစဉ်အတွက် လိုအပ်သော ဧည့်မထ ၂၅ % အဆင့် ဆန် မက်ထ ရစ် တန်ချိန် ၁၀၀၀ နှင့်ညီမျှသော အိတ်ရေ ၂၀၀၀၀ ကို ကျပ်ငွေဖြင့် ဝယ် ယူမည့် အစီအစဉ်အတွက်  စိတ်ပါဝင် စားသည့် ကုမ္ပဏီများအား တင်ဒါစနစ် ဖြင့် ရွေးချယ်ပွဲကို ၂၀၁၁ ခုနှစ် ဒီဇင် ဘာ ၃၁ ရက် နေ့လယ် ၁၅း၁၅ နာရီမှာ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့ နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံးရှိ မြန်မာ နိုင်ငံဆန်စပါး လုပ်ငန်းအသင်းရုံးခန်း မှာ ပြုလုပ်ခဲ့ပါတယ်။     တင်ဒါရွေးချယ်ရာမှာ  တင်ဒါ ဈေးနှုန်းအဆိုပြုလွှာတင်သွင်းရန် စိတ် ပါဝင်စားသည့် ကုမ္ပဏီ ၇ ဦးပါဝင်ပြီး တင်ဒါ စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးချယ်ရာ တင်ဒါပါ ှစနခ အတိုင်း ကြိုက်နှစ်သက်ပြီး လက်ခံတာကြောင့် ချိတ်ပိတ်စာအိတ်အတွင်း ထည့်သွင်း ထားသည့်  ဈေးနှုန်းအဆိုပြုလွှာများ အား ဖွင့်ဖောက်ပြီး ဈေးနှုန်းအနည်း အများပေးနိုင်သည့် ကုမ္ပဏီများအား ရွေးချယ်ရာတွင်  Myanmar Combiz   ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ကြောင်း သိရပါတယ်။     "အရန်ဆန်နဲ့ ပတ်သက်ပြီး ဒါ ဟာ ပထမဦးဆုံးအကြိမ် တင်ဒါစနစ် နဲ့ ဝယ်ယူခြင်းဖြစ်ပါတယ်။ နောင် ဒီ ထက်ပိုပြီး ဒီထက်ကောင်းတဲ့ တင်ဒါ စနစ်တွေနဲ့ ကြိုးစားပြီး ဝယ်ယူသွားမှာ ဖြစ်ပါတယ်"လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင် ဝင်းက ပြောကြားခဲ့ပါတယ်။    တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီက ၅ ရက်အတွင်း ပစ္စည်းတန်ဖိုးရဲ့ ၅ ရာ ခိုင်နှုန်းကို   လုပ်ငန်းအာမခံကြေး Performance Guarantee  အဖြစ် ပေးသွင်းပြီး ဈေးကွက်အရန်ဆန် ဝယ် ယူရေးကော်မတီနှင့်  စာချုပ်ချုပ်ဆိုရ မည့်အပြင် ပေးသွင်းရမည့်ဆန်ကို စာ ချုပ် ချုပ်ပြီး ၁၅ ရက်အတွင်း အပြီး ပေးသွင်း ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရန်ဆန်များကို မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းမှ သတ်မှတ်ပေးထား သည့် အရန်ဆန်သိုလှောင်ရုံသို့ ပေးပို့ရ မည်ဖြစ်ကြောင်း၊   RRS-01/2011-2012  တင်ဒါအတွက် ပေးသွင်းရမည့် သိုလှောင်လိပ်စာမှာ အုပ်စု-၁၀ သို လှောင်ရုံဝန်း ဒေါပုံမြို့နယ်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် စပေါ်တင်ထား ပြီး တင်ဒါမအောင်မြင်တဲ့ ကုမ္ပဏီ ၆ ခုကိုလည်း ငွေများပြန်လည်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရပါ တယ်။ အရန်ဆန်နှင့်ပတ်သက်ပြီး ပထမ ဦးဆုံးအကြိမ် တင်ဒါစနစ်ဖြင့် ရွေးချယ် ရာတွင်   ဇလွန်ရှေ့ဆောင်ကုမ္ပဏီ၊ Myanmar Combiz  ကုမ္ပဏီ၊ မြန်မာ ဆန်စက်ကုမ္ပဏီ၊ True Vision ကုမ္ပဏီ၊ အောင်နိုင်ရိုးမသစ္စာကုမ္ပဏီ၊ ရတနာ ကျော်ကုမ္ပဏီနှင့် လှဝင်းရတနာဆန် စက်ကုမ္ပဏီများ ပါဝင်ခဲ့ကြောင်း သိရ ပါတယ်။      ခင်မောင်မောင်အုန်း