Main menu

Background

နိုင်ငံတကာသုံး ငွေကြေး၏ ခရီးကြမ်း

Wed, 01/04/2012 - 03:41 -- Anonymous (not verified)

           တရုတ်နိုင်ငံသုံး ရန်မင်ဘီ (ယွမ်)ငွေကြေး သည် မကြာမီအတွင်းမှာ ဒေါ်လာ၊ ယူရိုတို့နှင့် အတူ နိုင်ငံတကာငွေပေးချေမှုများတွင်  ပါဝင်လာ လိမ့်မည်ဟု HSBC ဘဏ်က ထုတ်ပြန်သည့်စစ် တမ်းတွင် ဖော်ပြခဲ့သည်။ ရန်မင်ဘီကို နိုင်ငံတကာ သုံး ငွေကြေးဖြစ်လာစေရန် တရုတ်နိုင်ငံက ကြိုး ပမ်းဆောင်ရွက်နေခြင်းကို  သတိမပြုမိကြသော် လည်း တိုးတက်နေပုံရသည်။ ရန်မင်ဘီငွေကြေး သည် မကြာမီကာလအတွင်း အရေးပါသော နိုင်ငံ တကာသုံးငွေကြေး ဖြစ်လာနိုင်ဖွယ် ရှိ-မရှိနှင့် နိုင်ငံ တကာ ငွေကြေးစနစ်တွင် အဓိက နေရာယူထား သော အမေရိကန်ဒေါ်လာကို အကြိတ်အနယ် စိန် ခေါ်နိုင်ပါ့မလားဟူသော အချက်တို့မှာ မေးခွန်း ထုတ်စရာ ဖြစ်နေပေသည်။နိုင်ငံတကာသုံးငွေကြေးဆိုသည်မှာ ထိုငွေ ကြေးကိုထုတ်ဝေသည့် နိုင်ငံ၏ နယ်နိမိတ်အပြင် ဘက်မှာပါ ကိုင်ဆောင်သုံးစွဲကြပြီး ငွေကြေး၏ ပင်မတာဝန်သုံးရပ်ကို ထမ်းဆောင်သည်။ စာရင်း အရေအတွက်ယူနစ် (Unit of account) အဖြစ် လည်းကောင်း၊ ဖလှယ်ရေးကြားခံ (Medium of exchange) အဖြစ် လည်းကောင်း၊ နိုင်ငံသား အတွက်ဖြစ်စေ၊ နိုင်ငံသားမဟုတ်သူအတွက် ဖြစ် စေ တန်ဖိုးတစ်ခုကို ထိန်းသိမ်းပေးရာ (Store of value)အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင် ခြင်းဖြစ်သည်။ ရန်မင်ဘီကို နိုင်ငံတကာသုံးဖြစ် အောင်လုပ်နိုင်လျင် တရုတ်နိုင်ငံအတွက် အကျိုး ရှိမှာ သေချာသည်။ပထမခံစားရမည့်အကျိုးကျေးဇူးမှာ တရုတ် ကုမ္ပဏီများ တွေ့ကြုံရင်ဆိုင်နေရသော ငွေလဲနှုန်း အတွက် စွန့်စားလုပ်ကိုင်ရသည့် အန္တရာယ်တစ်ခု ရှင်းသွားလိမ့်မည်။  တရုတ်ဘဏ္ဍာရေးလုပ်ငန်း များ၏ ဘဏ္ဍာရေးအထောက်အကူပေးရေးတွင် စွမ်းဆောင်ရည် ပိုကောင်းလာမည်ဖြစ်၍ ကမ္ဘာ့ ဘဏ္ဍာရေးဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်စွမ်း တိုး တက်လာမည်ဖြစ်သည်။ဒုတိယအကျိုးကျေးဇူးမှာ  ငွေပေးယူလွဲှ ပြောင်းရာတွင် ကုန်စရိတ် လျော့နည်းသွားမည် ဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုကို တိုး မြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာဖြင့် ရပိုင်ခွင့်များ (US dollar assets) ကို လက်ဝယ်ကိုင်ဆောင် ထားရန် သိပ်မလိုအပ်တော့သဖြင့် နိုင်ငံ၏သီးသန့် နိုင်ငံခြားငွေတွင် အရင်းငွေဆုံးရှုံးမည့် အန္တရာယ် လည်း လျော့ပါးသွားမည်ဖြစ်သည်။တတိယအကျိုးကျေးဇူးမှာ ရန်မင်ဘီငွေ ကြေးသာ အရေးပါသောကမ္ဘာ့သုံးသီးသန့်ငွေကြေး (Reserve currencies)  အဆင့်အတန်းသို့ ရောက်ရှိလာမည်ဆိုက ပြည်တွင်းနှင့် နိုင်ငံတကာ စီးပွားရေးပေါ်လစီများတွင် ကစားကွက်ရွှေ့ရန် ပိုမိုလွတ်လပ်လာမည် (Freedom to maneuver) ဖြစ်သည်။၂၀၀၉ခုနှစ်မှစ၍ ရန်မင်ဘီကို နိုင်ငံတကာ ငွေကြေးဖြစ်လာစေရန်  ကြိုးပမ်းလာရခြင်းမှာ တစ်စိတ်တစ်ပိုင်းအားဖြင့်  နိုင်ငံတကာဘဏ္ဍာရေး အဆောက်အအုံ  ပြုပြင်ပြောင်းလဲရေးတွင် တိုး တက်မှုမရှိခြင်းနှင့်  ဒေသအလိုက် ဘဏ္ဍာရေးပူး ပေါင်းဆောင်ရွက်မှုအခြေအနေတို့အပေါ် စိတ် ပျက်မိခြင်းကြောင့်ဖြစ်သည်။ ရန်မင်ဘီကို နိုင်ငံ တကာသုံးဖြစ်အောင်လုပ်ခြင်းဖြင့် မိမိတို့ထိန်းချုပ် နိုင်ခြင်းမရှိသောပြင်ပအခြေအနေများ၏ အနှောင် အဖွဲ့ မခံရဘဲ မိမိတို့၏ကိုယ်ပိုင်အစီအစဉ် (Own agenda) ကို ချခင်းနိုင်လိမ့်မည်ဟု တရုတ်အာ ဏာပိုင်များက ယူဆထားသည်။ယနေ့အထိတော့ ရန်မင်ဘီကို ပေးချေရှင်း လင်းနိုင်သည့်ငွေကြေး (Settlement currency) အဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်မှုမှာ တိုး တက်လျက်ရှိသည်ဟုဆိုနိုင်သည်။ ရန်မင်ဘီဖြင့် ငွေချေးဘွန်းစာချုပ် ထုတ်ဝေခြင်း၊ နိုင်ငံခြားဗဟို ဘဏ်များနှင့် ငွေကြေးဖလှယ်ရေး သဘောတူစာ ချုပ်များ (Currency-swap agreements) ချုပ် ဆိုခြင်းအပြင်၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသရှိဘဏ်များတွင်  ရန်မင်ဘီ အပ်ငွေများ(RMB deposits) လက်ခံရရှိမှု ဆပွားတိုးတက် လျက်ရှိသည်။ သို့တိုင်အောင် နိုင်ငံတကာသုံး ငွေ ကြေးဖြစ်လာရေးတွင် စိုးရိမ်စရာများရှိနေပါသေး သည်။ စီးပွားရေးလုပ်ငန်းများအား ရန်မင်ဘီ ငွေ ကြေးဖြင့် ပေးချေရှင်းလင်းရန် မက်လုံးအမျိုးမျိုး ဖြင့် တွန်းအားပေးနေသော်လည်း တန်ဖိုးနှိမ့်ထား သော ငွေလဲနှုန်းဖြစ်နေသဖြင့် ရန်မင်ဘီငွေတန်ဖိုး တက်လာရလိမ့်မည်ဟု  မျှော်လင့်ထားကြသည်။ ထို့ကြောင့် တရုတ်ထုတ်ကုန်ပစ္စည်း ဝယ်ယူတင် သွင်းသူ နိုင်ငံခြားကုမ္ပဏီများက ရန်မင်ဘီငွေကြေး ကို အသုံးမပြုလိုကြပေ။ သို့သော်လည်း နိုင်ငံခြား ပို့ကုန်လုပ်ငန်း ဆောင်ရွက်သူများကတော့ ရန်မင် ဘီငွေကို လက်ခံချင်ကြသည်။ သို့နှင့် နိုင်ငံခြား သီးသန့်ငွေ လျှော့ချနိုင်လိမ့်မည်ဟု မျှော်မှန်းထား သော ရန်မင်ဘီဖြင့် ပေးချေရှင်းလင်းရေး အစီ အစဉ်မှာ နိုင်ငံခြားသီးသန့်ငွေ ပိုများလာအောင် လုပ်ရာပင် ရောက်နေတော့သည်။ နိုင်ငံတကာသုံးငွေကြေး   ဖြစ်စေရေးတွင် အခြေခံအကျဆုံး  ပြဿနာမှာ  တရုတ်နိုင်ငံ၏ အရင်းအနှီးများ  ထိန်းချုပ်ကန့်သတ်ထားခြင်း ပင်ဖြစ်သည်။ နိုင်ငံတကာသုံး ငွေကြေးဖြစ်ရေး သည် ငွေလုံးငွေရင်းစာရင်းလစ်ဘရယ်ဖြစ်ခြင်းနှင့် ထပ်တူအကျိုးသက်ရောက်မှု  မရှိသော်လည်း နိုင်ငံတကာ သုံးဖြစ်မှုအတိုင်းအဆသည် ငွေလုံး ငွေရင်းစာရင်း လစ်ဘရယ်ဖြစ်မှု အခြေအနေကို အကြောင်းပြုနေပေသည်။ ရန်မင်ဘီငွေတန်ဖိုးကို တဖြည်း ဖြည်းချင်းသာတိုးမြှင့်ခွင့်ပြုရန် ဆုံးဖြတ် ခဲ့ရာ၌ ပြည်တွင်းသို့ ငွေပူများစီးဝင်လာခြင်းကို ဟန့်တားရန်အတွက်  အရင်းအနှီးထိန်းချုပ်ထား ရေးနည်းလမ်းကို အားပြုခဲ့ခြင်းဖြစ်သည်။ ထိန်း ချုပ်မှုတွင် ယိုပေါက်ဟာပေါက်များရှိနေသည့်တိုင် တရုတ်နိုင်ငံ၏ မေခရိုစီးပွားရေးကို နှစ်အတန်ကြာ သည်အထိ တည်ငြိမ်အောင်ထိန်းထားနိုင်ခဲ့သည်။ မည်သို့ဆိုစေ ရန်မင်ဘီကို နိုင်ငံတကာသုံးဖြစ် လာစေရန် လိုအပ်သကဲ့သို့ တစ်ချိန်တည်းမှာ ဈေး ကွက်အခြေခံ ဥပဒေသများ၏လမ်းညွှန်ရာအတိုင်း  လိုက်နာရမည်ဖြစ်သည်။ ပေါ်လစီချိန်ဆ ညှိနှိုင်း မှုများ အစီအစဉ်မှန်ကန်စွာ ရရှိရန်လည်း အရေး ကြီးသည်။ ရန်မင်ဘီငွေကြေးကို အမှန်တကယ် နိုင်ငံတကာသုံးဖြစ်လာစေရေးမှာ ခက်ခဲကြမ်းတမ်း သောခရီးပင် ဖြစ်ပါလိမ့်မည်။(မူရင်းဆောင်းပါး ရှင်မှာ  China Society of World Economics  ၏ ဥက္က၊ဖြစ်သည်။)Ref; The Washington Post.