Main menu

Background

တစ်ဦးချင်း ဝင်ငွေတိုးရရှိစေရန် ငါးရှဉ့်ထောင်ရေလုပ်သားများအား အစုအဖွဲ့ ဖွဲ့စည်းပေး

Wed, 01/04/2012 - 03:46 -- Anonymous (not verified)

    ကျောက်ဆည်ခရိုင်တွင် ငါးရှဉ့်ထောင်ရေလုပ်သားများ တစ်ဦးချင်းဝင်ငွေကို ရရှိစေရန် အစုအဖွဲ့ ၄ ဖွဲ့ ဖွဲ့စည်းပေးခဲ့ကြောင်း သိရပါတယ်။     ကျောက်ဆည်မြို့နယ်တွင် အစုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အစုဝင် ၃၂ ဦးအတွက် မတည်ငွေကျပ် ၃၂၀၀၀၀ ကို ဦးညိုအေး (ခေါ်) ဦးအောင်ဝင်း၊ ဒေါ်လုံးတို့မှလည်း ကောင်း၊ စဉ့်ကိုင်မြို့နယ်တွင် အစုအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ အစုဝင် ၄၁ ဦးအတွက် မတည်ငွေကျပ် ၄၁၀၀၀၀ ကို ဦးချစ်ကိုမှလည်းကောင်း၊ မြစ်သားမြို့နယ်တွင် အစု အဖွဲ့ နှစ်ဖွဲ့ဖွဲ့စည်းကာ အဖွဲ့ဝင် ၁၀၂ ဦးအတွက် မတည်ငွေ ကျပ် ၁၀၅၀၀၀၀ ကို ဦးသန်းထွန်း၊ ဒေါ်ညွန့်ညွန့်တို့မှလည်းကောင်း၊ အစုဝင် ၈၀ အတွက် မတည် ငွေကျပ် ၈၀၀၀၀၀ ကို ဦးကျော်မြင့်၊ ဒေါ်မြင့်မြင့်ဌေးတို့မှလည်းကောင်း ပေးအပ် လှူဒါန်းခဲ့ပါတယ်။    ငါးလုပ်ငန်းဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူး ဦးသက်အေးက "အစုအဖွဲ့ ဝင်တစ်ဦးကို တစ်စုအနည်းဆုံး ၅၀၀၀၀ ကျပ်နှုန်း၊ အများဆုံးကျပ် ၁၀၀၀၀၀ နဲ့ အစု ၂၀ ထိထည့်ဝင်နိုင်ပါတယ်။လောလောဆယ် ငါးရှဉ့်လုပ်ငန်းရှင်တွေက ငွေစိုက် ထည့်ပေးထားတယ်။ ထည့်ဝင်ပေးထားတဲ့ငွေတွေကို ငွေပဒေသာပင်စိုက် ပေးပြီး၊ ဘဏ်မှာအပ်နှံပေးထားမယ်။ နောက်ပိုင်းမှာ အသေးစားချေးငွေဘဏ်လေးတွေ ပေါ်လာရင် ပြောင်းအပ်ပေးမယ်။ အစုဝင်ထားတဲ့ အပ်ငွေပေါ်ကနေ တစ်ဦးချင်း လည်းကောင်း၊ အစုအဖွဲ့ဖြင့်လည်းကောင်း ၃ ဆနှုန်းငွေချေးပေးမယ်။ တစ်သိန်း အပ်ရင် ၃ သိန်းချေးလို့ရမယ်။ ကျေးလက်မှာ မြေတစ်ကွက်ဝယ်နိုင်မယ်။ အစုအဖွဲ့ ဝင်ဖို့ လုပ်ငန်းရှင်တွေဆီမှာ တစ်ရက် ကျပ် ၁၅၀၊ ၂၀၀ စုသွားရင် တစ်နှစ်ကို ၇ သောင်း၊ ၈ သောင်းစုနိုင်မယ်။ နောက်ပိုင်းမှာ စုငွေများလာရင် ပညာရေးအတွက် ထောက်ပံ့ပေးနိုင်မယ်။ ရေလုပ်သားနဲ့ သားသမီးတွေအတွက် ပညာရေးထောက်ပံ့ ပေးဖို့ မန္တလေးတိုင်းဒေသကြီး၊ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းမှ ကျပ်သိန်း ၃၀ လှူဒါန်းပေးခဲ့တယ်။ ပညာရေးမှာ ထူးချွန်စွာအောင်တဲ့ကလေးတွေကို ကျောင်း မထားနိုင်ရင်ထားပေးမယ်" လို့ပြောပါတယ်။    ၂၀၁၅ ခုနှစ်တွင် ရေလုပ်သားများတစ်ဦးချင်း ဝင်ငွေတိုးပြီး ဆင်းရဲမှုလျှော့ချ နိုင်ရန် အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ရေလုပ်သားများရဲ့ သားသမီးများ ပညာရည် တိုးတက်ကာ လုပ်ငန်းချဲ့ထွင်နိုင်ရန် ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်းသိရပါတယ်။ ဇူးဇူး