ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ မြို့နယ် ၆ မြို့နယ်တွင်တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ ဆန်စပါးစိုက် ပျိုးထုတ်လုပ်မှုများကို ၂၀၀၉ ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့သော ခေတ္တရာဟင်္သာ ဆန်စပါးအထူးပြုကုမ္ပဏီသည် စိုက်ပျိုး ထုတ် လုပ်သူ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွားရေး ဘဝမြင့် မားရေးအတွက် မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ တစ်ဧကအထွက် နှုန်းတိုး တက်ရေးအတွက် ခေတ်မီနည်းပညာများ ပံ့ပိုးခြင်း၊ သွင်းအားစုများ ထောက်ပံ့ပေး ခြင်း စသည်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၀၉ ခုနှစ် မိုးစပါးရာသီမှစ၍ ှ Quality ကောင်းမွန်၍ ပြည်ပဈေး ကွက်ရှိသော အင်းမရဲဘော်စပါးမျိုးများ ကို ကုမ္ပဏီမှ ဖြန့်ဖြူပေးခဲ့ပြီး ယခု ၂၀၁၁-၂၀၁၂ စပါးရာသီတွင် တောင်သူများ ဝင်ငွေပိုမိုရရှိစေရန် ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းစိုက်ပျိုးခဲ့သည့် တောင်သူများ၏ အင်းမရဲဘော် စပါးမျိုးများအားတန်းမြင့် တန်းလတ် ဆန်များ ကြိတ်ခွဲထုတ်လုပ်ရန်ရည်ရွယ်၍ ၄၆ ပေါင်ကိုက်၊ စပါးတင်း ၁၀၀ လျှင် လေးသိန်းဈေးဖြင့် ဒီဇင်ဘာ ၃၀ ရက်မှစ၍ ကုမ္ပဏီရုံး စိုက်ရာ အမှတ်(၁၄)ဖြူးကုန်း၊ ဘုရားကြီးဝန်း၊ ပြည်မြို့တွင် လက်ခံဝယ်ယူနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ စတင်ဝယ်ယူသည့်ယနေ့ဒီဇင်ဘာ ၃၀ ရက်တွင် ပြည်မြို့နယ်နှင့် ရွှေတောင် မြို့နယ်တို့မှ တောင်သူ ၁၆ ဦးမှအင်းမရဲဘော်စပါးတင်း ၁၅၄၀ ကျော် လာရောက် ရောင်းချခဲ့ကြောင်း သိရပါတယ်။လှဦး
Background