Main menu

Background

အရောင်းအေး ဈေးအေးနေတဲ့ ဖရဲနဲ့ သခွား

Wed, 01/04/2012 - 04:18 -- Anonymous (not verified)

မူဆယ်ဈေးကွက်မှာ ဖရဲ၊ သခွားတွေဈေးအေးနေတယ်လို့သိရပါတယ်။ မနှစ်ကဒီအချိန် မူဆယ်မှာ ဖရဲတစ်ကီလို တရုတ်ငွေ ၅ ယွမ် (၆၄၅ ကျပ်)၊ ရွှေသခွားတစ်ကီလို ၆ ယွမ် (၇၇၄ ကျပ်)၊ ပိုက်သခွားတစ်ကီလို ၅ ယွမ် (၆၄၅ ကျပ်)ကျော်နဲ့ မရဘူးတဲ့ဈေးတွေရခဲ့ပါတယ်။ အခုအချိန်မှာတော့ ရွှေသခွား တစ်ကီလို ၃ ဒသမ ၅ ယွမ်၊ ၄ ယွမ်၊ပိုက်က ၃ ဒသမ ၅ ယွမ်၊ ၃ ယွမ်ဈေးသာရခဲ့ပါတယ်။ ဈေးနိမ့်တာကတော့ ရာသီဥတုနဲ့ဆိုင်သလို ဒီနှစ် ရွှေထွေ-၁ တရုတ်မျိုးတွေ စစိုက်ခဲ့ရာ ပို့တဲ့အခါမှာ အရောင်လှအောင်စောင့်ရင်းက အမှည့်လွန်တာဖြစ်သွားတာကြောင့် ဈေးနှိမ်တယ်လို့ ယူဆပါကြောင်း၊ နှစ်သစ်ကူးနီးရင်တော့ သစ်သီးတွေ ဈေးပြန်ကောင်းလာနိုင်ကြောင်း တင်ပို့သူတစ်ဦးက ဆိုပါတယ်။ ဆက်လက်ပြီး ၎င်းင်းက "မူဆယ်မှာသစ်သီးရောင်းဝယ်မှုဟာ မနက် ၈ နာရီထိသာ အရောင်းအဝယ်ဖြစ်တာများတယ်။ နောက်ကျရင် အရောင်းအဝယ်မရှိတော့ဘူး။ အေးရှားဝေါဂိတ်နဲ့ ၁၀၅ မိုင်ဂိတ်ဝေးသင့်တယ်။ နီးနေတော့ ကားတွေညပ်နေတယ်။ ဈေးကွက်အချိန်မီရောက်နိုင် စိတ်တထင့်ထင့်နဲ့ စောင့်နေရတယ်"လို့ ပြောဆိုပါတယ်။ မန္တလေးသစ်သီးဈေးကွက်ရဲ့ သစ်သီးတွေဟာလည်း လိမ္မော်ကလွဲလို့ ကျန်သစ်သီးတွေအရောင်းအေးပြီး ဖရဲ၊ သခွားလည်းအေးတဲ့ အတွက် စားသုံးသူတွေ မစားကြဘဲ အရောင်းအေးနေပါတယ်။ ဒီရက်ပိုင်းမှာ ဖရဲတစ်လုံး ၇၀၀ ကျပ်၊ ၅၀၀ ကျပ်၊ သခွားတစ်လုံး ၅၀၀ ကျပ်၊ ၃၀၀ ကျပ်ဈေးရှိနေပါတယ်။                     အေးအေးတင့်