အာရှဆန်ရောင်းလက်များ ဈေးလျှော့ကမ်းလှမ်းမှုနဲ့ ဈေးကွက်ပြောင်းလဲ လှုပ်ရှားမှုများ

အာရှရဲ့အဓိက ထိုင်းဆန်တင်ပို့သူများဟာ ဆန်စက်လုပ်ငန်းရှင်တွေက  ဈေးသက်သက်သာသာနဲ့ ရောင်းချမှုတွေကြောင့် နိုင်ငံတကာဈေးကွက်မှာ အဝယ်အော်ဒါတွေရရှိဖို့ ဈေးလျှော့သတ်မှတ်ရောင်း ချမှုတွေ လုပ်လာပါတယ်။ ဒါပေမဲ့လည်း ဝယ်လက်အများစုကတော့ ဈေးကွက်အတွင်း ဝင်ရောက်မလာ သေးပါဘူး။ နှစ်သစ်ကူးပွဲတော်ပြီးတဲ့ ဇန်နဝါရီလလယ်လောက်မှာတော့ ဝယ်လက်တွေအဝယ်ပြန်ထွက် လာနိုင်တယ်လို့ ဆန်တင်ပို့သူတွေက ကြိုတင်ဟောကိန်းထုတ်နေကြပါတယ်။၂၀၁၂ မှာ ကမ္ဘာ့ဆန်ကုန်သွယ်မှုပိုမယ်လို့ FAO ကဆိုFAO ရဲ့ခန့်မှန်းချက်အရ ၂၀၁၂ အတွက် ကမ္ဘာ့ဆန်ကုန်သွယ်မှုဟာ ၂၀၁၁ ခုနှစ်မှာကုန်သွယ်တဲ့ တန်ချိန် ၃၄ သန်းထက်ပိုပြီး တန်ချိန် ၃၄ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ထုတ်လုပ်မှုအနေ နဲ့ ၂၀၁၁ မှာ တန်ချိန် ၄၆၆ ဒသမ ၆ သန်းမှ ၄၈၂ ဒသမ ၄ သန်းအထိ ပိုမိုနိုင်ပြီး ကမ္ဘာ့နောက်ဆုံး ဆန်လက်ကျန်မှာလည်း ၂၀၁၁ ခုနှစ်မှာ တန်ချိန် ၁၃၃ ဒသမ ၆ သန်းရှိရာမှ ၂၀၁၂ မှာ တန်ချိန် ၁၄၉ သန်းခန့်အထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။   ၂၀၁၂ မှာ ပုဂ္ဂလိက ကဏ္ဍက ဆန်တင်သွင်းဖို့ ဖိလစ်ပိုင်စီစဉ်ဖိလစ်ပိုင်ဥပဒေပြုအဖွဲ့တစ်ခုမှ နိုင်ငံတော်စားနပ်ရိက္ခာအာဏာပိုင်  (NFA) ရဲ့ ရောင်းချပိုလျှံဆန် တွေဟာ သိုလှောင်ရုံတွေမှာ အလဟဿဖြစ်ပြီး မလိုအပ်ဘဲ ဆန်တင်သွင်းနေရကာ ဖိလစ်ပိုင်ပြည်သူတွေ ကတော့ ဈေးပိုပေးဝယ်ယူနေကြရတဲ့ မသမာတဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စွဲချက်တင်ထားပါတယ်။ (NFA)ကတော့ အဲဒီလိုစွပ်စွဲချက်ဟာ မမှန်ကန်ကြောင်းနဲ့ ၎င်းင်းတင်သွင်းဆန်များကို ပြည်သူတွေကို တင် သွင်းဈေးအောက် လျှော့ပြီးရောင်းချပေးသလို အလဟဿဖြစ်တဲ့ သိုလှောင်ဆန်လည်းမရှိပါဘူးလို့ ငြင်း ဆန်ပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်က လက်ရှိတင်သွင်းတဲ့ပမာဏထက် ၂ ဆနဲ့ ၃ ဆပိုများပြီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ မှာ (NFA) ဟာ ပြည်တွင်းဆန်အပေါ်အလေးထားပြီး နိုင်ငံရဲ့ တင်သွင်း ရည်မှန်းချက် ပြည့်မီဖို့ကိုလည်း ပုဂ္ဂလိက ကဏ္ဍက ဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ မဲခေါင်ဒေသရဲ့ ဆောင်းဦးစပါးမှာ အရည်အသွေးနိမ့် ၄၀ ရာခိုင်နှုန်းပါဝင်ဗီယက်နမ်ဆန်တင်ပို့မှုဟာ ဈေးနှုန်းမြင့်တက်မှုကြောင့် ၂၀၁၁ ခုနှစ်ကုန်ပိုင်းမှာ ရောင်းချမှုနှေး ကွေးခဲ့ရာ နိုဝင်ဘာလတင်ပို့မှုနဲ့ယှဉ်ရင် ဒီဇင်ဘာလမှာ ၂၇ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိတယ်လို့ မျှော်မှန်း ထားကြပါတယ်။  ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ တန်ချိန် ၆၅၀၀၀၀ မှ ၇၅၀၀၀၀ ခန့် တင်ပို့ဖွယ်ရှိပါတယ်။ ဗီယက်နမ်ကုန်သည်များ ပြောကြားချက်အရ မဲခေါင်ဒေသဆောင်းဦးစပါးရဲ့ ၄၀ ရာခိုင်နှုန်းခန့်ဟာ အရည် အသွေးနိမ့်ဆန်တွေဖြစ်ပြီး ဗီယက်နမ်နိုင်ငံအနေနဲ့ အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ ဈေးသက်သာတဲ့ဆန်တွေနဲ့ ယှဉ်ပြိုင်ရောင်းချရဖို့တော့ ခက်ခဲမယ်လို့ဆိုပါတယ်။ VFA မှ အောက်တိုဘာလအတွင်း အရည်အသွေးနိမ့် ဆန်ဝယ်လိုအားတက်ခဲ့လို့ တောင်သူများ ဆောင်းဦးသီးနှံပိုစိုက်ဖို့ အကြံပေးခဲ့ပေမဲ့ VFA အနေနဲ့ ကမ္ဘာ့ ဆန်ဈေးကွက်ကို မှန်မှန်ကန်ကန်ကြိုတင်မမှန်းဆနိုင်လို့ အကျပ်အတည်းဖြစ်ခဲ့ရပါတယ်။ ဒီပြဿနာဟာ ဗီယက်နမ်လယ်သမားများအနေနဲ့ ၂၀၀၈ ဆောင်းဦးသီးနှံမှာဖြစ်ခဲ့ သလို အရည်အသွေးနိမ့်ဈေးကွက် ပျောက်တဲ့ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ကမ္ဘောဒီးယား ဆန်စက်စွမ်းဆောင်ရည်ကို စစ်တမ်းကောက်ယူကမ္ဘောဒီးယားနိုင်ငံဟာ နိုင်ငံရဲ့လက်ရှိဆန်စက်စွမ်းအင်ကို အတိအကျသိနိုင်ဖို့ စစ်တမ်းကောက် ယူမှုပြုလုပ်နေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆန်စက်များကြိတ်ခွဲနိုင်မှုမရှိလို့ နယ်စပ်မှတစ်ဆင့် ထိုင်းနဲ့ ဗီယက်နမ်ကို စပါးတင်ပို့နေရတဲ့အတွက် နိုင်ငံတကာဝယ်လက်တွေကို ဆန်များများတင်ပို့နိုင်မှုမရှိခြင်းနဲ့ ပတ်သက်လို့ ယခုလိုစစ်တမ်းကောက်ယူတာပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ ဆန်တင်ပို့သူများ အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး နိုင်ငံပိုင်ဆန်ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်သူက ကမ္ဘောဒီးယားရဲ့ စပါးမျိုးစေ့အရည် အသွေးနိမ့်ကျမှုကိုလည်း ထောက်ပြပါတယ်။ စစ်တမ်းကောက်ယူမှုအရ ယခုအခါ ဆန်စက် ၂၀ လုံးသာ လည်ပတ်လျက်ရှိနေပါတယ်။ ကမ္ဘောဒီးယားလယ်သမားများဟာ ရိုးရိုးဆန်ဖြူထက် အထွက်နှုန်းနိမ့်တဲ့ ဆန်မွှေးစိုက်ပျိုးခြင်းကလည်း ၎င်းတို့မိသားစုစားသုံးဖို့ လုံလောက်တဲ့ စပါးထုတ်လုပ်ရေးအတွက် ရုန်းကန် နေရဆဲဖြစ်ပါတယ်။ လမင်း၊ Source:oryza.com