ကိုယ့်ရဲ့အသက်အရွယ်နဲ့ကြည့်ရတဲ့ ပရိသတ်စိတ်အနှောက်အယှက်မဖြစ်ရဖို့ အဓိကထားဦးစားပေးတဲ့ ထွန်းအိန္ဒြာဗို
အကယ်ဒမီသရုပ်ဆောင်တစ်ဦးဖြစ်သလို အောင်မြင်တဲ့ အဆို တော်လည်းဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကသရုပ်ဆောင်တဲ့အခါမှာသာ ဇာတ် ရုပ်အလိုက်၊ အရွယ်အလိုက် သင့်တော်သလို သရုပ်ဆောင်ရပေမယ့် စင်မြင့်ပေါ် ဂီတနဲ့ဖျော်ဖြေတဲ့အခါမှာတော့ အသက်အရွယ် သိပ်မရှိကြောင်း၊ အသက်အရွယ်ပိုင်းခြားထားခြင်းမရှိဘဲ ဖျော်ဖြေ ဖြစ်ကြောင်း ပြောပါတယ်။ သရုပ်ဆောင်အလုပ်မှာ အခုအချိန် လုပ်ခွင့်ရနေတာက ၄၀ ကျော်တန်း ဇာတ်ရုပ်တွေဖြစ်တဲ့ အဒေါ်၊ အမေ၊ အစ်မကြီးစသဖြင့် လုပ်နေရတော့ ဒီဇာတ် ရုပ်အရွယ်နဲ့ပဲ လိုက်အောင် လုပ်နေရကြောင်း၊ ဂီတဘက်မှာတော့ အသက်အရွယ် သိပ်မရှိကြောင်း၊ သိပ်မရှိဘူးဆိုတာကလည်း အပြင် အဆင်အားဖြင့်သာ မလိုက်မဖက်မဖြစ်ရအောင် စဉ်းစားလုပ်ဆောင် ပြီဆိုတဲ့ အခါမှာတော့ အသက်အရွယ်ဆိုတာ သိပ်မရှိတော့ကြောင်း ပြောပါတယ်။ အနုပညာတင်ဆက်တဲ့နေရာမှာတော့ ပထမအချက် အနေနဲ့ ကိုယ့်ရဲ့အသက်အရွယ်နဲ့ကြည့်ရတဲ့ပရိသတ် စိတ်အနှောင့် အယှက်မဖြစ်ဖို့ အဓိကဦးစားပေးသလို ဒုတိယ၊ တတိယအချက်တွေ မှာတော့ ကိုယ့်ရဲ့ကိုယ်စွမ်းÓဏ်စွမ်းရှိသမျှ အနုပညာနဲ့ပတ်သက်ပြီး ကြိုးစားလုပ်ဆောင်ပေးနေကြောင်း ဆိုသွားခဲ့ပါတယ်။
