အလှအပဆိုတာ မိန်းကလေးတစ်ယောက်အတွက်အရေးကြီးတယ်
- ပညာရှင်တစ်ယောက်အတွက်ဗြူတီပိုင်းကဘယ်လောက် အရေးပါသလဲ။ ဗြူတီက မိန်းကလေးတစ်ဦးအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ ညီမ တို့အတွက်အနုပညာအရည်အချင်းအပြင် ဗြူတီကလည်း ပရိသတ်ကို ပြရ တာ ဆိုတော့ အမြဲလှလှပပ ရှိအောင်နေပါတယ်။- ဗြူတီအတွက် ဘာတွေလုပ်ဖြစ်လဲ။ ဗြူတီနဲ့ပတ်သက်တဲ့စာအုပ်တွေ ဖတ်ပါတယ်။ ဗြူတီဆိုတာ အပေါ် ယံ လှအောင်ပဲ လုပ်လို့မရပါဘူး။ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ ဓာတ်တွေကလည်းကောင်းမှ အပြင်ပိုင်းမှာလည်း ထိန်းနိုင်မှာပါ။- Cosmetic ပွဲတွေကနေ ကိုယ့်အတွက် ဘယ်လိုထူးခြားမှုတွေ ရလဲ။ အလှကုန်ပွဲတွေက skin care အလှကုန်တွေနဲ့ပတ်သက်လို့ အား နည်းချက်၊ အားသာချက်တွေကိုသိ ရတာပေါ့။ ဒါကြောင့် ဖိတ်တဲ့ပွဲတိုင်း သွားဖြစ်တယ်။- နောက်ဆုံးမေးခွန်းက ဆံပင်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ပြောပါဦး။ နှစ်ရက်တစ်ခါတော့ဆိုင်မှာ ခေါင်းလျှော်ပါတယ်။ တစ်ခါတလေတော့လည်း ဓာတ်ပုံရိုက်တွေဆက်ပြီး ကော်တွေဆံပင်မှာထိရင် နေ့တိုင်းနီးပါးလျှော်ဖြစ်တယ်။
