Main menu

Background

အနုပညာခြေလှမ်းကျဲနေတဲ့ ပုလဲဝင်း

Wed, 01/04/2012 - 04:38 -- Anonymous (not verified)

ပရိသတ်က ချစ်ဖို့ကောင်းတယ် ဆိုပြီး လက်ခံအားပေး နေတဲ့ ပုလဲဝင်းကို သူမရဲ့လတ်တလောလှုပ်ရှား မှုနဲ့ပတ် သက်ပြီး မေးမြန်းခဲ့တဲ့အခါမှာတော့..."လတ်တလော ပုလဲ တရုတ်ပြည်ရဲ့ ရွှေကြက်ဖ ရုပ်ရှင်ပွဲတော်က ပြန်လာတာ။ အနုပညာဘက်မှာ ခြေလှမ်း ကျဲလာတယ်ဆိုပေမယ့် ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင် လည်း မသိဘူး။ ဒါပေမဲ့ ပုလဲအနုပညာအလုပ်တွေကို လုပ်နိုင် သလောက် လုပ်နေမှာပါ"လို့ ဆိုပါတယ်။လတ်တလောရိုက်ကူးရေးဘက်မှာတော့ "ရုပ်ရှင်ကား ကြီးကတော့ မသေချာသေးပါဘူး။ ဇာတ်ကားတွေပဲ ရိုက် ဖြစ်တယ်။ ကြော်ငြာတွေလည်း အသစ် ထပ်မရိုက်ဖြစ်ဘူး။ ပရိသတ်ကြီး ကျန်းမာပါစေ"လို့ ဆိုသွားခဲ့ပါတယ်။