Main menu

Background

ဂျပန်နဲ့ အိန္ဒိယတို့ ငွေကြေးဖလှယ်ရေးသဘောတူစာချုပ်ချုပ်

Wed, 01/04/2012 - 04:41 -- Anonymous (not verified)

    ဂျပန်နဲ့အိန္ဒိယနိုင်ငံတို့က ဒေါ်လာ ၁၅ ဘီလီယံရှိ ငွေကြေးသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၈ ရက်က ချုပ် ဆိုခဲ့ပါတယ်။ ဒီသဘောတူစာချုပ်အရ ရူပီးငွေကြေးရဲ့ တန်ဖိုးကိုမြှင့်တင်ဖို့ အထောက်အကူပေးနိုင်မှာ ဖြစ်ပါ တယ်။ နယူးဒေလီသို့ ဂျပန်ဝန်ကြီးချုပ် ရောက်ရှိစဉ်မှာ ဒီသဘောတူ စာချုပ်ကို  ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။    ယခုသဘောတူစာချုပ်က  အာရှဒေသမှာ တရုတ် နိုင်ငံရဲ့ အင်အားကြီးထွားလာမှုကို  တန်ပြန်ဖို့အတွက် ခိုင်မာတဲ့ မဟာမိတ်အဖြစ်  ဖွဲ့စည်းနိုင်အောင် ဂျပန်နဲ့ အိန္ဒိယတို့ချုပ်ဆိုကြတဲ့ သဘောတူစာချုပ်တွေရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်ပါတယ်။    ဥရောပနဲ့ အမေရိက နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက် မှုနှေးကွေးနေချိန်မှာ လူလတ်တန်းစားတစ်စစကြီးထွားလာ တဲ့ အိန္ဒိယနိုင်ငံကို ဂျပန်နိုင်ငံက မျက်စိကျလာပါတယ်။    "ဂျပန်နိုင်ငံကနည်းပညာနဲ့ အရင်းအနှီးရှိပြီး အိန္ဒိယ နိုင်ငံမှာကလူငယ်လုပ်သားအင်အားများပြီးအခြေခံအဆောက် အဦတွက် ဝယ်လိုအားကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်"လို့ နိုဒါ က ပြောပါတယ်။    ယခုငွေကြေးဖလှယ်ရေး သဘောတူညီချက်က ယခု နှစ် နှစ်ဦးက သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဒေါ်လာ ၃ ဘီလီယံ သဘောတူစာချုပ်ရဲ့အဆက်ဖြစ်ကြောင်း ဒီဇင် ဘာ ၂၉ ရက်မှာ ပြီးဆုံးခဲ့တဲ့ အိန္ဒိယခရီးစဉ်အပြီး နိုဒါက သတင်းစာရှင်းပွဲတစ်ခုမှာ ပြောကြားပါတယ်။    နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ရှိတဲ့ ဂျပန်နိုင်ငံက အလားတူငွေကြေးဖလှယ်ရေး သဘော တူ စာချုပ်ကို နိုဝင်ဘာအတွင်းမှာ တောင်ကိုရီးယားနိုင်ငံနဲ့ ချုပ်ဆိုခဲ့ပါတယ်။    ဂျပန်နိုင်ငံက နယူးဒေလီကနေဘဏ္ဍာရေးဗဟိုချက်မ ဖြစ်တဲ့ မွန်ဘိုင်းကိုဆက်သွယ်မဲ့ စက်မှုကုန်ပစ္စည်း ထုတ် လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး စြင်္ကံတည်ဆောက် ရေး စီမံကိန်းမှာဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ မှာ ဖြစ်ကြောင်းနဲ့ တစ်ဆင့်ခံသယ်ယူပို့ဆောင်မှုနဲ့ သဘာ၀ ပတ်ဝန်ကျင်  ထိန်းသိမ်းရေးမှာ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ နိုဒါကပြောပါတယ်။Source. AFP